YBS ယာဉ်စီးခများ ယနေ့မှစတင် ပြောင်းလဲသတ်မှတ်
07 Apr 2017 1,533 Views

YBS ယာဉ်များ အပိုင်းလိုက် ယာဉ်စီးခကောက်ခံမှုကို ဧပြီလ (၇)ရက်(ယနေ့)မှစတင်ကာ ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) မှ သတင်းရရှိသည်။
အဲယားကွန်းတပ်ဆင်ထားသော YBS ယာဉ်များကို ယာဉ်စီးခ ကျပ်၂၀၀ အဖြစ် ပုံသေသတ်မှတ်လိုက်ပြီး အဲယားကွန်းတပ်ဆင်ထားခြင်းမရှိသော ယာဉ်များကို ခရီးစဉ်အပိုင်းလိုက် ကောက်ခံမည်ဖြစ်သည်။ ခရီးစဉ်တစ်ပိုင်းကို ကျပ် ၁၀၀ သတ်မှတ်ထားကြောင်း YRTA အဖွဲ့၏ တွဲဖက်အတွင်းရေးမှူး ဦးသန်းဝင်းက ပြောကြားခဲ့သည်။
ထိုကဲ့သို့ အဲယားကွန်းမတပ်ဆင်ထားသောယာဉ်များတွင် ခရီးစဉ်အပိုင်းလိုက် ပြောင်းလဲကောက်ခံမှုကြောင့် ခရီးသည်နှင့် ယာဉ်လုပ်သားများကြားတွင် မပြေလည်မှုများ ရှိလာနိုင်ကြောင်း ယာဉ်ပိုင်ရှင်တစ်ဦးမှ မှတ်ချက်ချပြောဆိုခဲ့သည်။
Source:မြစ်မခမီဒီယာ







