BEC-TERO TV

လူကြမ်းကြီး ဗိုလ်အောင်ဒင် အတိုင်ခံရပြီ

08 Apr 2017     1,565 Views


မြန်မာတစ်နိုင်ငံလုံး အုန်းအုန်းထ ပေါက်ခဲ့ပြီး လူတိုင်းပါးဖျားရေပန်းစားခဲ့သည့် တေးသံရှင်မနောရဲ့ “ဗိုလ်အောင်ဒင်လိုလူကြမ်း” သီချင်းတွင် “ဗိုလ်အောင်ဒင်” ဟူသောအမည်ကို ခွင့်ပြုချက်မယူပဲ သုံးစွဲခဲ့သည့်အတွက် တိုင်ကြားခံထားရသည်။
 
ဗိုလ်အောင်ဒင် ရုပ်ရှင်ဇာတ်ကားမှာ ရုပ်ရှင်အဖြစ်သာမက၊ ကတ်ဆက်ဇာတ်လမ်းနှင့် နောက်ဆက်တွဲ ဇာတ်လမ်းများကို ထပ်ဆင့်ဖန်တီးခဲ့ရည်ထိ တစ်ခတ်တစ်ခါက အောင်မြင်မှုမှတ်တိုင် စိုက်ထူခဲ့သော ဇာတ်မ်းတစ်ပုဒ်ဖြစ်ခဲ့ပြီး ဒါရိုက်တာ ရွှေဒုံးဘီအောင်မှ ဗိုလ်အောင်ဒင်ကို ဖန်တီခဲ့ခြင်းဖြစ်သည်။
တေးသံရှင်မနော၏ “ဗိုလ်အောင်ဒင်လိုလူကြမ်း” သီချင်းတွင် “ဗိုလ်အောင်ဒင်”ဟူသော အမည်ကို ခွင့်ပြုချက်မတောင်းခံပဲ ယူသုံးခဲ့သည့်အတွက် ဒါရိုက်တာ ရွှေဒုံးဘီအောင်၏ မိသားစုမှ ဂီတအစည်းအရုံးသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
 
ဗိုလ်အောင်ဒင်သီချင်းက ကထိန်မှာ စပေါက်သွားတာ အစ်မတို့ သိတယ်။ မေမေ့ကို လာပြောပေမယ့် အောင်မြင်ပါစေဆိုပြီး ဒီအတိုင်း လွှတ်ထားတာ။ အစ်မတို့မှာ ပတ်ဝန်းကျင် အသိုင်းအဝိုင်း ရှိတယ်။ ဒီအတိုင်းကြည့်နေကြမှာလား၊ နင်တို့ ဒီလိုပဲနေနေမှာလားဆိုပြီး လာပြောလွန်းလို့ လုပ်လိုက်ရတယ်” ဟု ရွှေဒုံးဘီအောင်၏ မြေးဖြစ်သူက ဒေါ်ခင်သန့်စင်အောင်က ပြောကြားခဲ့သည်။
 
အဆိုပါတိုင်ကြားခံရမှုနှင့် ပက်သက်ပြီး တေးသံရှင်မနောက “အခုချိန်ထိ ကျန်တော်တို့ကို ဌာနဆိုင်ရာက ဘာမှ ဆက်သွယ်မလာသေးဘူး။ ရောက်လာတော့မှ ဘယ်လို ဆက်လုပ်သွားမလဲဆိုတာ တိုင်ပင်ရမယ်။ သီချင်းခေါင်းစဉ်က ဆင်ဆာတင်ကတည်းက ကြမ်း တဲ့လူတွေကို စံနမူနာပေးထားတဲ့ ပုံစံနဲ့ ဗိုလ်အောင်ဒင်လို လူကြမ်းဆိုပြီး ပေးထားတာ” ဟု ပြောကြားခဲ့သည်။
 
ဗိုလ်အောင်ဒင်လို လူကြမ်းသီချင်းကို တေးသံရှင်မနောမှ အွန်လိုင်းပေါ်တွင် အခမဲ့ ဖြန့်ဝေပေးခဲ့ပြီးနောက် စတင်လူသိများ ရေပန်းစားလာ ခြင်းဖြစ်ပြီး အလှူမဏ္ဍပ်တိုင်း၊ အိမ်တိုင်း၊ ဆိုင်တိုင်းနီးပါးတွင် ဗိုလ်အောင်ဒင် သီချင်းကို ဖွင့်ခဲ့ကြသည်။ ထို့အပြင် ဗိုလ်အောင်ဒင်သီချင်းသည် လူတန်းစားအလွှာ အသီးသီးသာမက နိုင်ငံတော်အဖွဲ့အစည်းများကတောင် သဘောကျနှစ်ခြိုက်ခဲ့ရသည့် တေးသီချင်းတစ်ပုဒ် ဖြစ်ခဲ့သည်။
 
ကျောင်းသားများနှင့် ဗိုလ်အောင်ဒင်
 
ရေတပ်ထဲရောက် ဗိုလ်အောင်ဒင်
 
၁၉၃၉ နှစ်က စတင်ဖန်တီးခဲ့သည့် ဒါရိုက်တာ ရွှေဂုံးဘီအောင်၏ ဗိုလ်အောင်ဒင်သည် ဆယ်စုနှစ်များစွာတိုင် လူတွေမေ့နေခဲ့ပြီးမှ တေးသံရှင်မနော၏ သီချင်းကြောင်း ပရိသတ်များပြန်လည် အမှတ်ရခဲ့ခြင်းဖြစ်သည်။
 
Ref:TheVoice
 

08 Apr 2017     1,565 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS