BEC-TERO TV

အတာအိုး ထားရခြင်းနဲ့ အတာပန်းအကြောင်း

10 Apr 2017     5,844 Views


မြန်မာလူမျိုးတွေဟာ တစ်နှစ်တစ်ခါကြရောက်တဲ့ သင်္ကြန်တွင်းမှာ သိကြားမင်းက လူ့ပြည်ကိုဆင်းလာတယ်လို့ အယူရှိကြပါတယ်။ အဲ့ဒီအချိန်မှာ သိကြားမင်းကို အတာအိုးနဲ့ ကြိုကြတာလို့ ပြောကြပါတယ် ။ အဲ့ဒီအချိန်မှာ မကောင်းမှုကို တတ်နိုင်သမျှမလုပ်ဘဲ ကောင်းမှုကုသိုလ်နဲ့ပဲ မွေ့လျော်ကြပါတယ် ။

အတာအိုးနဲ့အတူ အတာပန်းမှာလဲ အဓိပ္ပာယ်တွေရှိနေပါတယ်။ အတာပန်းတွေကတော့ နေ့ (၇) နေ့ကို ကိုယ်စားပြုတဲ့ (၇) နေ့နံ ပန်းတွေနဲ့ ပြုလုပ်ရတာပါ ။

- ခရေ ၁ ညွန်ု့ - သီး ၁ ညွန့် - အုန်း ၁ ညွန့် - ထန်း ၁ ညွန့် - မာလကာ ၁ ညွန့် - တမာ နည်းနည်း - မြေဇာ နည်းနည်း တစ်ချို့ကလဲ ပတ်ဝန်းကျင်ကိုမူတည်ပြီး ဒန်း၊ ဇီး စသည်ဖြင့်ထည့်ကြပြီး သင်္ကြန် ၄ ရက်လုံး အတာအိုးနဲ့ကြိုပီး နှစ်ဆန်းတစ်ရက်နေ့ရောက်တော့ သဲဖြူ၊ ချည်ကြိုးတွေထပ်ဖြည့်ပြီး အန္တရာယ်ကင်း ပရိတ် ရွတ်ကြတဲ့အခါ "အတာအိုး" နဲ့ "အတာပန်း" ကနေ "ပရိတ်အိုး" နဲ့ "ပရိတ်ပန်း" အဖြစ် အသွင်ကူးပြောင်းပီး မိမိတို့အိမ် ပတ်ပတ်လည်မှာ "ပရိတ်ပန်း" "ပရိတ်သဲ" တွေနဲ့ ကာရံပြီး အန္တရာယ်ကင်းအောင် ပြုလုပ်ခြင်းဖြစ်တယ်လို့ ရှေးရိုး အစဉ်အဆက်ထဲက ယူဆထားကြပါတယ်။

 

Credit to ဒေါက်တာတင်ဗိုလ်ဗိုလ်


10 Apr 2017     5,844 Views




RELATED

Most Popular of Special or Others

Most Popular of Life Style