BEC-TERO TV

မျက်လုံးအလှပြင်ခြင်းကြောင့် မျက်လုံးကျန်းမာရေး မထိခိုက်အောင်

10 Apr 2017     1,352 Views


မိန်းကလေး အများစုက မျက်လုံးအလှကို မက်မောကြတဲ့အတွက် မျက်လုံး အလှပြင်ရာမှာ မျက်တောင်ကော့ခြင်း၊ မျက်ခွံကို အရောင်ဆိုးခြင်းတို့ကို လုပ်လေ့ရှိပါတယ်။ ဒါဟာ အမြင်လွှာကို ထိခိုက်နိုင်သလိုမျိုး မျက်လုံးကျန်းမာရေးကို ထိခိုက်စေတာကြောင့် ဆောင်ရန်၊ ရှောင်ရန် အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။အကြာကြီး မသိမ်းထားပါနဲ့ဝယ်ယူထားတာ ကြာပြီဖြစ်တဲ့ အလှပြင်ပစ္စည်းတွေကို အကြာကြီး မသိမ်းထားပါနဲ့။ 
 
မသုံးဖြစ်တာ လအတော်ကြာနေပြီဆိုရင်တော့ စွန့်ပစ်လိုက်ပါ။ မျက်တောင်ကော့တဲ့ Mascara ကိုတော့ အတွင်းပိုင်းက အရည် ခြောက်သွေ့နေပြီဆိုရင် မသုံးပါနဲ့။ ခြောက်နေလို့ဆိုပြီး တံတွေး ဒါမှမဟုတ် ရေစတာတွေနဲ့ စိုစွတ်အောင်လုပ်ပြီး အလှပြင်တာမျိုး ရှောင်ပါ။ အကောင်းဆုံးကတော့ နှစ်လတစ်ကြိမ် သို့မဟုတ် လေးလတစ်ကြိမ်ဖြစ်စေ၊ အတွင်းထဲက အရည် ခြောက်သွေ့သွားရင်ဖြစ်စေ စွန့်ပစ်ပါ။
 
စတင် သုံးစွဲတဲ့ရက်ကို အမှတ်အသား ပြုလုပ်တဲ့အကျင့် လုပ်ပါ။အေးတဲ့နေရာမှာ ထားပါအလှကုန်တွေကို အပူချိန် ၈၅ ရာခိုင်နှုန်းနဲ့ အဲဒီ အပူချိန်အောက်မှာပဲ ထားပါ။ အဲယားကွန်းခန်းထဲ ဒါမှမဟုတ် ရေချိုးခန်း၊ ရေခဲသေတ္တာလိုနေရာမှာ သိမ်းထားရမယ်လို့တော့ မဆိုလိုပါဘူး။အလှပြင်ပစ္စည်းတွေကို သပ်သပ်စီခွဲသုံးပါမျက်လုံးအတွက် အသုံးပြုတဲ့ ပစ္စည်းကို မျက်လုံးကိုပဲ သုံးပါ။ 
 
ဒီလိုပဲ နှုတ်ခမ်းမှာ သုံးတာကို ပါးမှာသုံးတာ၊ မျက်လုံးမှာ သုံးတာမျိုးကို ရှောင်ပါ။ တစ်နေရာမှာရှိတဲ့ ဘက်တီးရီးယားကို အခြားတစ်နေရာကို ကူးသွားစေနိုင်ပါတယ်။အခြားသူနဲ့ မျှမသုံးပါနဲ့ကိုယ့်ရဲ့အလှကုန်ကို သူငယ်ချင်းတွေနဲ့ မျှမသုံးပါနဲ့။ သူ့ဆီက ဘက် တီးရီးယားက ကိုယ့်ဆီကို ကူးလာနိုင်ပါတယ်။
 
သူ့မျက်လုံးမှာ မျက်စိနာ စေတဲ့ပိုးရှိနေရင် ကိုယ့်ဆီကို ကူးလာစေတာမျိုး ဖြစ်နိုင်ပါတယ်။လက်ဆေးပါ မျက်လုံးကို အလှပြင်တာ မလုပ်ခင်မှာ ကိုယ့်လက်ကို ဆေးကြောပါ။ လက်က အလှကုန်တွေအပြင် အလှပြင်ပစ္စည်းတွေ ထည့်ထားတဲ့ အိတ်၊ ခုံစတာတွေကို ကိုင်ထားတာမျိုးလည်း ဖြစ်ခဲ့ရင် ဖုန်၊ ဘက်တီးရီးယားတွေ မျက်လုံးတွင်းကို ဝင်စေနိုင်ပါတယ်။ မျက်လုံးကိုခြယ်သတဲ့ Brush တွေကို ဆေးကြောတာဖြစ်စေ၊ အသစ်လဲတာမျိုးဖြစ်စေ မကြာခဏ လုပ်ပေးပါ။
 
Credit : thevoicemyanmar

10 Apr 2017     1,352 Views




RELATED

Most Popular of Health Fix

Most Popular of Life Style