BEC-TERO TV

ရာသီ အကူးအပြောင်းမှာ အဖြစ်များတဲ့ ကျန်းမာရေး

10 Apr 2017     1,578 Views


ရာသီဥတု အပြောင်းအလဲက လူတွေရဲ့ ကျန်းမာရေးကိုပါ အပြောင်းအလဲ ဖြစ်စေပါတယ်။ အချို့လူတွေဆို ရာသီဥတုလေး အေးလာတာနဲ့ အရိုးတွေတောင် တဆစ်ဆစ် ကိုက်လာတယ်လို့ ပြောတတ်ကြပါတယ်။ ရာသီဥတု အပြောင်းအလဲမှာ ဖြစ်နိုင်တဲ့ ကျန်းမာရေး ပြဿနာတွေထဲကနေ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတွေနဲ့ ဒီပြဿနာတွေကို ဘယ်လို ကျော်လွှားနိုင်တယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

လေ့ကျင့်ခန်း လုပ်ပါ
 
ရာသီဥတု အေးတဲ့အခါမှာ အဆစ်အမြစ်တွေ ကိုက်ခဲတတ်ပါတယ်။ ဒီလိုရာသီဆိုရင် ကိုယ် လက်လှုပ်ရှားမှု နည်းသွားတာကြောင့်လည်း အဆစ်အမြစ်တွေက နာကျင် ကိုက်ခဲတတ်ပါတယ်။ ရာသီဥတု အေးတာ၊ ပူတာကြောင့် အပြင်မှာ လေ့ကျင့်ခန်း မလုပ်နိုင်ရင် အိမ်တွင်း လေ့ကျင့်ခန်းတွေ လုပ်ပေးနိုင်ပါတယ်။ အဆစ်အမြစ် နာကျင်တာအတွက် အဆစ်အမြစ်ကို မထိခိုက်စေမယ့် လေ့ကျင့်ခန်းတွေ၊ အေရိုးဗစ် ကစားနည်း၊ လမ်းလျှောက်ခြင်း၊ ယောဂ ကစားခြင်း၊ ထိုက်ကျိ ကစားခြင်းတွေကို ကစားနိုင်ပါတယ်။ မိုးလေဝသ သတင်းတွေကို ရာသီဥတု အကူးအပြောင်း ကာလမှာ သတိထား စောင့်ကြည့်ပြီး အပြင်ထွက်တဲ့အခါ အဝတ်အစားကို ရာသီဥတုနဲ့ သင့်လျော်အောင် ပြောင်းလဲ ဝတ်ဆင်သင့်ပါတယ်။
 
လေတိုက် မခံပါနဲ့
 
ရာသီဥတု အပြောင်းအလဲမှာ ခေါင်းတစ်ခြမ်း ကိုက်တတ်ပါတယ်။ ကျန်းမာရေး အသိုင်းအဝိုင်းကတော့ ရာသီဥတု အကူးအပြောင်းမှာ အိမ်ထဲမှာပဲ နွေးနွေးထွေးထွေး နေဖို့နဲ့ လေတိုက် မခံဖို့ အကြံပြုထားပါတယ်။ ဆောင်းအကုန် နွေအကူးကာလ ရာသီအပြောင်းအလဲ နံနက်ခင်းတွေမှာ မြူတွေဆိုင်းပြီး အေးနေတတ်ပါတယ်။ ဒီလိုအေးတဲ့ ရာသီမှာဆိုရင် ပန်းနာရောဂါ ရှိတဲ့သူတွေက ရောဂါပြန်ဖြစ်လေ့ ရှိပါတယ်။ လေတိုက်တဲ့ အရပ်ဒေသ ရောက်တဲ့အခါ လေထဲကနေ ပန်းဝတ်မှုန်လို အမှုန်အမွှားတွေ အသက်ရှူလမ်းကြောင်းကို ဝင်ရောက်ပြီး ပန်းနာရောဂါ ပြန်ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် လေအလွန် တိုက်တဲ့နေ့တွေဆိုရင် အပြင် ထွက်တာကို ရှောင်သင့်ပါတယ်။

ရေဓာတ် ဖြည့်တင်းပါ
 
ရေများများ သောက်ခြင်းကြောင့် အသားအရေ စိုပြည်စေပြီး ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ဖယ်ရှားပေးရာမှာ အထောက်အကူ ပြုပါတယ်။ တစ်နေ့ကို အနည်းဆုံး ရေရှစ်ခွက်ကနေ ၁၀ ခွက်ကြား သောက်သင့်ပါတယ်။ရာသီပေါ် သီးနှံတွေစားပါရာသီအလိုက် သီးနှံတွေကို သဘာဝက ဖန်တီးပေးထားပါတယ်။ ကိုယ်ခံအား ကောင်းစေတာကြောင့် ရာသီပေါ် အသီးအနှံတွေ စားပေးနိုင်သလို သစ်သီး ဖျော်ရည်လည်း သောက်နိုင်ပါတယ်။ အရည်ရွှမ်း သီးနှံတွေဖြစ်တဲ့ ကီဝီသီး၊ ကျွဲကောသီးတို့လို ဗီတာမင်စီ ကြွယ်ဝတဲ့ အသီးအနှံတွေက ကိုယ်ခံအား ပိုကောင်းစေပါတယ်။
 
Credit : thevoicemyanmar

10 Apr 2017     1,578 Views




RELATED

Most Popular of Health Fix

Most Popular of Life Style