သန့်စင်ခန်းထဲမှာ သရဲခြောက်ခံရတဲ့ ဗီဒီယို အွန်လိုင်းတွင် ပျံ့နှံ့
10 Apr 2017 2,718 Views

စင်ကာပူနိုင်ငံရှိ အဆောက်အဦတစ်ခုရှိ အမျိုးသမီးသန့်စင်ခန်းထဲတွင် အမျိုးသမီးတစ်ဦးတည်း လက်ဆေးနေစဉ် သူမ၏ သူငယ်ချင်းဖြစ်သူက နောင်ပြောင်ကျီစယ်ရန် ခိုး၍ ဗီဒီယိုရိုက်ထားပြီး သူမအမည်အား ခေါ်လိုက်စဉ် သူမက ထိတ်လန့်တကြား လည်ပြန်လှည့်ကြည့်ခဲ့သည်။
သို့သော် မှန်ထဲမှ သူမ၏ အရိပ်မှာမူ လက်ဆေးမြဲ လက်ဆေးနေလျှက်ရှိသည်ကို ဗီဒီယိုရိုက်သူ သူငယ်ချင်းက မြင်မိကာ ထိတ်လန့်တကြား ထွက်ပြေးခဲ့သည်။ ဗီဒီယိုတွင် မှတ်တမ်းတင်ထားခဲ့မိသည်။
အဆိုပါဗီဒီယို အွန်လိုင်းတွင် ပျံ့နှံ့ခဲ့ပြီးနောက် ဝေဖန်သူအချို့က အမွှာညီအစ်မနှစ်ယောက် ဖြစ်တိုင်ကြောင်း ထောက်ပြပြောဆိုကာ ဗီဒီယိုမှာ လုပ်ကြံထားခြင်း ဖြစ်ကြောင်း ဝေဖန်ထားခဲ့သည်။ သင်ရော ဘယ်လို ထင်မြင်မိပါသလဲ..? တစ်ကယ်လား..? လုပ်ကြံထားတာလား..?







