BEC-TERO TV

အသည်းကျန်းမာရေး

10 Apr 2017     1,333 Views


၁။ ရေများများသောက်ပါ
 
တစ်ရက်လျှင် ရေသန့် ၈-၁၀ ဖန်ခွက်ခန့်သောက်ပါ။ ၎င်းကသင့်ရဲ့ အသည်းထဲက အဆိပ်အတောက်တွေကို ခန္ဓာကိုယ်အပြင်ရောက်အောင် ထုတ်ပေးပါလိမ့်မယ်။ မိုးလင်းပြီဆိုတာနဲ့ သံပရာရည်ခွက်ကြီးတစ်ခွက်နဲ့ စတင်လိုက်ခြင်းက သင့်အသည်းရဲ့ အဆိပ်အတောက်ထုတ်ပစ်မှုကိုများစွာ အထောက်အကူဖြစ်စေပြီး သံပရာရည်ထဲမှာပါသည့် Citric acid က သည်းခြေ ရည်ယိုထွက်စေကာ ယင်းကလည်း အဆိပ်အတောက်များကို ထွက်စေရန် ကူညီလေသည်။

၂။အရွက်ဖားဖားအသီးအရွက်များ
 
စားပေးပါ အထူးသဖြင့် အစိမ်းရောင် အရွက်တွေဖြစ်တဲ့ ဂေါ်ဖီထုပ်၊ ကိုက်လံ စသည့်အရွက်များ၊ မုန်လာဥ၊ ဥနီ စသည့် အသီးအရွက်များအား အနည်းဆုံးတစ်ရက် နှစ်ကြိမ်စားသင့်ပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပန်းဂေါ်ဖီစိမ်းတွေက ဆာလဖာ ပိုမိုပါဝင်ပြီး အသည်းမှ အဆိပ်အတောက်များကို ထုတ်ပစ်ရာမှာ အဓိကကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် အသည်းမှ အဆိပ်အတောက် ဖယ်ထုတ်ရာမှာ ညီညွှတ် မျှတတဲ့ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ လိုအပ်ပါတယ်။

၃။အနည်းငယ်နှိပ်ပေးပါ
 
လဲလျောင်းနေစဉ်မှာ သင့်ရဲ့ ဝမ်းဗိုက်ညာဘက်အပေါ်ခြမ်းအသည်းနဲ့သည်းခြေအိတ်တစ်ဝိုက်ကို ဖြေး ဖြေးနှိပ်ပေးပါ။ ယင်းက အသည်းကို သွေးလှည့်ပတ်မှု ကောင်းစေပါတယ်။

၄။သင့်ရဲ့အသည်းကို ဝန်ထုတ်ဝန်ပိုး မဖြစ်ပါစေနဲ့
 
အရက်၊ဘီယာ၊ အကိုက်အခဲ ပျောက်ဆေးတွေကို မလိုအပ်ဘဲ မသောက်သင့်ပါဘူး။ ယင်းက အသည်းဖျက်ဆီးခြင်းနဲ့အသည်းရောဂါတွေ ဖြစ်စေပါတယ်။ ၅။အသည်းကို အထောက်အပံ့ပေးတဲ့ဖြည့်စွက်စာတွေ စားပါ နနွင်း 45mg ၊ ဒုစလီမြစ်မှ အရည် 400 mg သို့မဟုတ် နွားနို့ 400mg နေ့စဉ် သောက်သင့်ပါတယ်။ ဒုဝလီမြစ်အား လက်ဖက်ရည်ကြမ်းထဲတွင်လည်း ထည့်၍ သောက်သုံးနိုင်သည်။

၆။ လုံလောက်သောသတ္တုဓာတ်အား ရရှိပါစေ
 
အသည်းမှ အဆိပ်အတောက် ဖယ်ထုတ်ရာတွင် သတ္တုဓာတ်က အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လေသည်။ အထူးသဖြင့် မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ ကော့ပါး၊ ဆိုဒီယမ်၊ အိုင်းရွန်း၊ ဇင့်၊ ဆယ်လီနီယမ်၊ မဂ္ဂနီစ်တွေ ပါဝင်တဲ့ အားဆေးတွေ၊ အာဟာရတွေကို သောက်သုံးသင့်ပါတယ်။
 
Credit : health.thithtoolwin

10 Apr 2017     1,333 Views




RELATED

Most Popular of Health Fix

Most Popular of Life Style