BEC-TERO TV

အလှကုန်နှင့် သတိပြုရန်များ

10 Apr 2017     1,557 Views


အလှကုန်ပစ္စည်းများသည် ယေဘုယျအားဖြင့် အခြားသော ကျန်းမာရေးဆိုင်ရာ ပစ္စည်းများနှင့် နှိုင်းယှဉ်ပါက ဘေးဥပဒ်အန္တရာယ်ပေးနိုင်ခြေ နည်းပါးသော်လည်း ယင်းတို့၏ ဘေးအန္တရာယ်ကင်းကြောင်း စိတ်ချရမှုနှင့် အရည်အသွေးများအတွက် လုံးဝ အာမခံချက် မရှိသဖြင့် သုံးစွဲသူများ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရန် ဖော်ပြပါ အချက်များသည် အရေးကြီးပါသည်။
 
- မိမိနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသောနေရာ (ဥပမာ - မသိ၊ မကြားဖူးသော အင်တာနက် ဝက်ဘ်ဆိုက်) များမှ အလှကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲခြင်း မပြုရန်၊ အလွန်အမင်း ထူးကဲကောင်းမွန်ကြောင်း ကြော်ငြာထားသည့် အလှကုန်များကို သတိပြုရန်၊
 
- ကြော်ငြာများ၊ အမှတ်တံဆိပ်များ၌ သိပ္ပံနည်းကျ လေ့လာဆန်းစစ်ပြီး (သို့) ကျွမ်းကျင်သော ပညာရှင်များနှင့် စစ်ဆေးပြီး စသည့် ဖော်ပြချက်များ ပါဝင်စေကာမူ အလျင်အမြန် လွယ်ကူစွာ မယုံကြည်ရန်။
 
- အလှကုန်ပစ္စည်းတစ်ခုကို အသုံးမပြုမီ အလှကုန်ပစ္စည်း၏ အမှတ်တံဆိပ်အပေါ်၊ အတွင်းစာရွက်ပေါ်ရှိ သတိပေးချက်များကို အမြဲတစေ ဖတ်ရှုရန်။ ယင်းတို့ကို သတ်မှတ်ထားသော အသုံးပြုပုံမှလွဲ၍ အခြားနည်းလမ်းဖြင့် သုံးစွဲခြင်းမပြုရန်။
 
- အလှကုန်ပစ္စည်းများကို သန့်ရှင်းသော လက် (သို့) သုတ်လိမ်းခြယ်မှုန်းတံများဖြင့်သာ အသုံးပြုရန်။
 
- အမှတ်တံဆိပ်ပေါ်တွင် ရိုက်နှိပ်ဖော်ပြထားသော သက်တမ်း မကျော်လွန်မီသာ သုံးစွဲကြရန်။ ပုံမှန် မဟုတ်သော အရောင်၊ အနံ့များ ပြောင်းလဲနေသည့် အလှကုန်များကို သုံးစွဲခြင်း မပြုကြရန်။
 
- မိမိနှင့် ဓာတ်မတည့်သည့် ပစ္စည်းများ ပါဝင်မှုရှိ မရှိ စစ်ဆေးရန်။
 
- ယားယံ နာကျင်နေသော၊ ထိခိုက်ဒဏ်ရာ ရထားသော အရေပြားပေါ်တွင် အသုံးမပြုရန်။
 
- အခြားသူများထံမှ ဗက်တီးရီးယား ပိုးမွှားများ ကူးစက်နိုင်သဖြင့် အလှကုန်ပစ္စည်းများကို အခြားသူများနှင့် စပ်တူရောနှော သုံးစွဲခြင်းမပြုရန်။
 
- ခန်းခြောက်သွားသည်များကို ရေ၊ တံတွေး စသည်တို့နှင့် တစ်ဖန်ပြန်ရောကာ သုံးစွဲခြင်းမပြုရန်။ ယင်းသို့ ပြုလုပ်ပါက ရေငွေ့စိုထိုင်းမှုကြောင့် ဗက်တီးရီးယား ပိုးမွှားများ လျင်မြန်စွာ ပေါက်ဖွားလာကာ အလှကုန်အား ညစ်ညမ်းသွားစေနိုင်ပါသည်။
 
Credit :  "thevoicemyanmar"

10 Apr 2017     1,557 Views




RELATED

Most Popular of Health Fix

Most Popular of Life Style