BEC-TERO TV

ပန်ကာ နဲ့ အိပ်စက်ခြင်းရဲ့ ဆိုးကျိုးများ

11 Apr 2017     1,634 Views


အခုလို ပူပြင်းတဲ့နွေရာသီမှာတော့ ပန်ကာနဲ့ အိပ်စက်တာက ပိုုပြီးအိပ်ပျော်စေပါတယ်။ ဒါပေမယ့် ဒီလို အိပ်စက်တာဟာဆိုရင်တော့ ဘေးထွက်ဆိုးကျိုးတွေလည်း အများကြီးရှိနေပါတယ်။ အိပ်စက်သူရဲ့ အသက်အရွယ်ပေါ်မူတည်ပြီး ကွဲပြားသော ကျန်းမာရေးဆိုးကျိုးများကို ဖြစ်ပေါ်စေပါတယ်။ 
 
တစ်ချို့က လက်ကပ်ခြင်း၊ နှာစေးခြင်း၊ ကျောအောင့်ခြင်း၊ အဆုတ်အအေးမိခြင်း၊ ခေါင်းကိုက် ခြင်း၊ ဇက်ခိုင်ခြင်း၊ ခြေထောက်များ လေးခြင်းစသည်ဖြင့် ခံစားရတတ်ပါတယ်။ ဒါ့အပြင် အောက်ပါ ဆိုးကျိုးတွေလည်း ဖြစ်ပေါ်နိုင်ပါတယ်။
 
(၁) အိပ်စက်ရာမှာ အနှောင့်အယှက်ဖြစ်စေတယ် ပန်ကာကနေ ထွက်တဲ့အသံကြောင့် အိပ်ချိန်မှာ နှောင့်ယှက်မှုအသေးအမွှားကို ဖြစ်စေပါတယ်။ ပန်ကာအသေးစားတွေကတော့ နှောင့်ယှက် မှုနည်းပေမယ့် မျက်နှာကျက် ပန်ကာမျိုးက ကိုယ့်ရဲ့ အိပ်ချိန်မှာ အနှောင့်အယှက်ဖြစ်စေပါတယ်။
 
(၂) ရုတ်တရက် ကလေးတွေသေဆုံးနိုင်တယ် ကျန်းမာရေးစောင့်ရှောက်မှု ကွပ်ကဲရေးအဖွဲ့အစည်းတစ်ခုရဲ့ ရှာဖွေတွေ့ရှိချက်အရတော့ ကလေးအိပ်ခန်းမှာ ပန်ကာဖွင့်ထားရင် ကလေးတွေဟာ ၇၀% အထိကို ကျန်းမာရေးထိခိုက်မှု မြင့်တက်စေပါတယ်။ဒီလိုကျန်းမာရေးပြဿနာတွေဟာ သေဆုံးခြင်းတဲ့အထိ ဖြစ်နိုင်တယ်လို့ သိရပါတယ်။
 
(၃)ခြောက်သွေ့တဲ့လေ ပန်ကာဟာ လေကို ခြောက်သွေ့စေနိုင်တာကြောင့် အိပ်စက်တဲ့သူတွေရဲ့ ပါးစပ်လေပြွန်ကို မြန်မြန်ခြောက်သွေ့စေနိုင်ပါတယ်။ ဒီလိုမျိုး ပါးစပ်ခြောက်ရင်တော့ ရေခဏ ၊ ခဏ ထသောက်နေရတာကြောင့် အိပ်ရေးပျက်စေမှာဖြစ်ပါတယ်။
 
(၄)ဦးခေါင်းခွံအတွင်းရှိ လေလမ်းကြောင်းကို အနှောင့်အယှက်ပေးနိုင်ခြင်း နေ့အချိန် ပန်ကာမှာ ဖုန်တွေ ကပ်နေလေ့ရှိပါတယ်။ ပန်ကာကို ဖွင့်လိုက်တဲ့အခါမှာတော့ ဖုန်ကပ်နေတဲ့ပန်ကာက လေတွေဟာ အိပ်စက်သူ၏ ဦးခေါင်းခွံတွင် နှာခေါင်းပေါက်နှင့်ဆက်သွယ်ထားသော ဦးခေါင်းအတွင်းလေလမ်းကြောင်းကို ပိတ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ပန်ကာတွေကို ပုံမှန်ဆေးကြောပေးသင့်ပါတယ်။
 
Credit : “ health.thithtoolwin “

11 Apr 2017     1,634 Views




RELATED

Most Popular of Health Fix

Most Popular of Life Style