BEC-TERO TV

မုန့်လက်ဆောင်း ပြုလုပ်နည်း

11 Apr 2017     3,550 Views


စင်္ကာပူမလေးရှာအင်ဒိုနီးရှားဗီယက်နမ်ထိုင်းမြန်မာနိုင်ငံတို့မှာမုန့့်လက်ဆောင်းကိုပုံစံအမျိုးမျိုးပြုလုပ်ပြီးအချိုပွဲအဖြစ်တည်ခင်းလေ့ရှိကြပါတယ်။ အပြင်မှာအလွယ်တကူဝယ်လို့ရပေ ပြီး အဖြူရောင် နဲ့ အစိမ်းရောင် ဆိုပြီး နှစ်မျိုးရှိပါတယ် ။ ဝယ်လို့ရတယ်။
 
မုန့်လက်ဆောင်ဖတ်ပြုလုပ်နည်းလေးကဆန်တိုဖူးမုန့်ကျွဲသည်းတို့နဲ့ပြုလုပ်နည်းအတူတူဘဲဖြစ်ပါတယ်။ရှမ်းပြည်မှာတော့မုန့်လက်ဆောင်းဖတ်ကိုဆန်တိုဖူးမုန့်ကျွဲသည်းတို့နဲ့တွဲရောင်းပါတယ်။မုန့်ကျွဲသည်းပြုလုပ်လိုပါကရေအစားထန်းလျက်ရည်က်ိုသုံးပြီးပြုလုပ်နိုင်ပါတယ်။
 
လိုအပ်သောပစ္စည်း
 
ဆန်မှုန့် - ၂ခွက်>> ၂၅ဝဂရမ် ပလောပီနံမှုန့်Tapioca - ၂ဇွန်း စားပွဲဇွန်း ရေ - ၄ခွက် (တစ်လီတာ) ထုံးရေကြည် - ၂ခွက် (၅၀၀ ml) ဆား - လဖက်ဇွန်း တဝက်
 
ထုံးရေကြည်ပြုလုပ်နည်း
 
ထုံး - လဖက်ဇွန်း ၁ဇွန်း ရေ - ၄ခွက် (တစ်လီတာ) ခွက်တခုတွင်ထုံးကိုရေထည်းတွင်ကျေအောင်ဖျော်ပြီးတညထားပါ။အသုံးပြုမည့်အချိန်တွင်အပေါ်ရေကြည်ကိုစစ်ယူထားပါ။
 
မုန့်နှစ်ကျိုနည်း
 
(၁)ဆန်မှုန့်ပလောပီနံမှုန့်ဆားနှင့်ရေကိုအရင်ဖျော်ပြီးအားလုံးကျေပါကအိုးတခုတွင်ထည့်ကာမီးအေးအေးဖြင့်ကျိုပါ။
 
(၂)ကျိုနေစဉ်အလုံးအခဲမဖြစ်စေရန်အဆက်မပျက်မွေပေးပါ။
 
(၃)မုန့်နှစ်ရည်များစတင်ပျစ်လာပါကထုံးရည်ကြည်ကိုဖြည်းဖြည်းချင်းထည့်မွေပေးပါ။
 
(၄)တော်တော်ပျစ်လာပါကယောက်မဖြင့်ကော်ကြည့်ပါ။သာမန်ကြွက်မြီးတန်းရုံအနေထားမဟုတ်ဘဲ၎င်းမုန့်နှစ်သည်စေးပိုင်လာပါကအပေါက်ပါသောဇကာကိုအောက်တွင်ရေဇလုံခံပြီးယောက်ချိုဇွန်းဖြင့်ဖိချပေးပါ။အပေါက်ပါသောဇကာမရှိပါကကိတ်လုပ်ရာတွင်သုံးသောpipping bag (ပလပ်စတ စ်အိတ်တောင့်ချွန်းကိုဖောက်ပြီး) တွင်ထည့်ပြီးဖြေးဖြေးဆီညစ်ချပေးပါ။မုန့်ဖတ်အေးအေးလေးရရှိရန်ရေခဲတုံးလေးများထည့်ထားပါ။
 
(၅)မုန့်ဖတ်လုံးဝအေးသွားလျှင်ထန်းလျက်ရည်သို့အုန်းနို့ရည်အုန်းသီးဆံနှမ်းထောင်း၊ကောက်ညင်းပေါင်းတို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။အစိမ်းရောင်မုန့်ဖတ်ပြုလုပ်လိုပါကဆွမ်းမွေးရွက်ကိုကြိတ်ပြီးအရည်ညစ်ကာရေအစားထိုးထည့်ပြီးပြုလုပ်နိုင်ပါတယ်။

Credit: Sofia food 


11 Apr 2017     3,550 Views




RELATED

Most Popular of Food

Most Popular of Life Style