ကလေးတစ်သိုက်ကြောင့် ထိုင်းနိုင်ငံ၏သင်္ကြန်ကို အကျည်းတန်စေခဲ့ရ
13 Apr 2017 1,502 Views

ထိုင်းနိုင်ငံ ပတ္တရားမြို့ရှိ ချုံဘူရီနယ်တွင် သင်္ကြန်အကြို့နေ့မတိုင်မီ ဧပြီ ၁၂ ရက်နေ့ညတွင် ကလေးတစ်သိုက်က အရုပ်ဆိုးအကျည်းတန်စွာဖြင့် သင်္ကြန်ကို ကြိုတင်ဆင်နွှဲခဲ့ကြသည်။
.jpg)
ဧပြီလ ၁၂ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်တွင် New Bridge Road ပေါ်တွင် ဖြတ်သန်းသွားလာသူများကို ကလေးအုပ်စု တစ်စုက ရေထုတ်များဖြင့် ပစ်ပေါက်ကာ သင်္ကြန်စောစီးစွာ ကျခဲ့ကြသည်။
.jpg)
သို့သော် ဖြတ်သန်းသွားလာသူများကို သူတို့ပစ်ပေါက်ခဲ့သော ရေထုတ်များမှာ ကြည်လင်သန့်စင်သော ရိုးရိုးရေထုတ်များမဟုတ်ပဲ ရေထုတ်များအတွင်း၊ ငံပြာရည်များ၊ ဆီးများ၊ ကြက်ဥနှစ်များ၊ မသန့်ရှင်းသော ရေများနှင့် စက်ဆီများရောနှောထားသည့် ရေထုတ်များနှင့် ပစ်ပေါက်ခဲ့ကြခြင်းဖြစ်သည်။
.jpg)
.jpg)
ညနေ ၆ နာရီခွဲခန့်ကတည်းကနေ နောက်တစ်နေ့ (သင်္ကြန်အကြိုနေ့)နံနက် ၆ နာရီထိ ပစ်ပေါက်ခဲ့ကြပြီးနောက် လမ်းမပေါ်တွင် ပလပ်စတစ်အိတ်များနှင့် ပြန့်ကြဲထားခဲ့ကြသည်။ ရေထုတ်နှင့် အပစ်ခံရသူအချို့ အနာတရ ဖြစ်ခဲ့ကြပြီး ယခုကဲ့သို့ ကလေးငယ်များ အုပ်စုဖွဲ့ကာ လွဲမှားသည့် အဖျက်သဘောနှင့် သင်္ကြန်၏ပုံရိပ်ကို အကျည်းတန်စွာ အသုံးချခဲ့သည့်အတွက် အဆိုပါလုပ်ရပ်အပေါ် ပြစ်တင်ဝေဖန်မှုများ လူထုကြားတွင် ကြီးထွားခဲ့ကြောင်း သတင်းရရှိသည်။







