BEC-TERO TV

သင်္ကြန်ရေကစားပြီး လူငယ်တစ်ဦး ဓါတ်လိုက်သေဆုံး

14 Apr 2017     1,443 Views


ရန်ကုန်မြို့ လမ်းမတော်မြို့နယ်တွင် ဧပြီ ၁၃ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် ရေကစားပြီးပြန်လာသော လူငယ်တစ်ဦး ဓါတ်လိုက်ကာ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

အသက် ၂၂ နှစ်အရွယ် မောင်ဇာနည်ကျော် ဆိုသူသည် လမ်းမတော်မြို့နယ်  အမှတ် ၁ ရပ်ကွက်၊ အနော်ရထာ ၄ လမ်းထိပ်တွင် ရေပက်ကစားခဲ့ပြီးနောက် လမ်းဘေးအုတ်ခုံပေါ်တွင်ထိုင်၍ အနီးရှိဓါတ်တိုင်ကိုမှီလိုက်စဉ် ဓါတ်လိုက်ခံခဲ့ရခြင်းဖြစ်သည်။


ဓါတ်လိုက်မှုကြောင့် ယာဘက်လက်မောင်း အရေပြားလန်၊ ယာခြေထောက်စုတ်ပြဲဒဏ်ရာများရရှိကာ ဆေးရုံသို့ချက်ခြင်းပို့ဆောင်ခဲ့သော်လည်း ဓါတ်လိုက်သည့်နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။


သေဆုံးခဲ့သူမှာ ပုပ္ပါးဇာတိဖြစ်ကာ လမ်းမတော် ၄ လမ်းရှိ Friendship Hotel တွင် အလုပ်လုပ်ကိုင်နေသော ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

Source:kotheinzaw
 


14 Apr 2017     1,443 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS