BEC-TERO TV

မြွေဟောက်နဲ့ အမှတ်တရ ဆယ်လဖီရိုက်မိသူ မြွေကိုက်ခံရပြီး တစ်နာရီအတွင်းသေဆုံး(ရုပ်/သံ)

14 Apr 2017     1,718 Views


အိန္ဒိယနိုင်ငံတွင် ခရီးသွားတစ်ဦး မြွေဟောက်တစ်ကောင်နှင့် အမှတ်တရ ဓါတ်ပုံရိုက်ရန် မြွေထိန်းသမားမှ စီစဉ်ပေးခဲ့သည်။ မြွေဟောက် တစ်ကောင်ကို ကိုင်ထားပေးခဲ့ပြီး ခရီးသည်၏ ဦးခေါင်းနှင့် ပုခုံးဝန်းကျင်အနီး မြွေကိုတန်လန်းအနေအထား လုပ်ပေးထားပြီး ဓါတ်ပုံရိုက်စေခဲ့ခြင်းဖြစ်သည်။
 
ရုတ်တရက် မြွေဟောက်က ခရီးသည်၏ နားထင်ကို အမှတ်မထင် ပေါက်လိုက်သည်ကို မည်သူမျှသတိမထားမိခဲ့ကြပေ။ ဓါတ်ပုံရိုက်ပြီး တစ်မိနစ်ခန့်အကြာမှာ ခရီးသည်က မအီမသာခံစားလာရပြီး သူ့ဦးခေါင်းကို စမ်းကြည့်ပြီးနောက် မြွေပေါက်ခံရပြီဖြစ်ကြောင်း မြွေဆရာကို ပြောပြပြီးနောက် မြေကြီးပေါ်သို့ ပုံရက်ကျသွားခဲ့သည်။
 
မြွေပေါက်ခံရသူကို ဆေးရုံသို့ ခေါ်သွားရမည့်အစား တိုင်းရင်းဗိန္ဒောဆရာတစ်ဦးဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် တစ်နာရီအတွင်းမှာ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

14 Apr 2017     1,718 Views




RELATED

Most Popular of Special or Others

Most Popular of NEWS