မန္တလေးက နာမည်ကြီးနေတဲ့ ပုသိမ်ထီးလေးတွေ လာရောက်ဖျက်ဆီးခံရ
15 Apr 2017 1,727 Views

မန္တလေး အောင်သမာဓိမဏ္ဍပ်မှာ အလှဆင်ချိပ်ဆွဲထားတဲ့ မြန်မာ့ရီုးရာပုသိမ်ထီး အချို့ကို ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့ညက ဖျက်ဆီးခံလိုက်ရပါတယ်။

ဆိုင်ကယ်သမားတချို့ဟာ ဝါးလုံးသံအချွန်၊ ချိတ်တွေနဲ့ ထီးတွေကိုဆွဲယူဖျက်ဆီးသွားကြတာဖြစ်ပါတယ်။ ညသန်းခေါင်ချိန်မှာ ရည်ရွယ်ချက်ရှိရှိ လာရောက်ဖျက်ဆီးသွားတာဖြစ်ပြီး ထီးတွေကို သံချွန်နဲ့ထိုးပြီး ဖျက်ဆီးကြသလို ထီးချိတ်ဆွဲထားတဲ့ နန်းကြိုးကိုပါ ဆွဲယူဖျက်ဆီးကြပါတယ်။

ထီး(၁၀) လက် စီအတန်းလိုက် ချိတ်ဆွဲထားတဲ့ နန်ကြိုးကို ဖျက်ဆီးကြတာကြောင့် စုစုပေါင်း ထီး(၄၀)လောက် ပျက်ဆီးသွားတယ်လို့ပြောပါတယ်။ ပျက်ဆီးသွားတာတွေကို ညတွင်းချင်းပြုပြင်လျှက်ရှိပြီး ပုသိမ်ထီးတွေအပြင် ငါးရုပ်လေးတွေနဲ့ပါ ထပ်မံ အလှဆင်နေတာကို တွေ့ရပါတယ်။
Credit:MUNA,Kyaw Thu Ra







