BEC-TERO TV

ဗုံးကျင်းတည့်တည့်ကိုမှ စီးကရက်မီးစည်းကမ်းမဲ့ စွန့်ပစ်ခဲ့သူ

15 Apr 2017     1,654 Views


သောက်လက်စ မီးမငြိမ်းသေးသည့် စီးကရက်တိုကို လမ်းမပေါ်ရှိ ကျင်းတစ်ခုထဲ စည်းကမ်းမဲ့ စွန့်ပစ်မိရာက မထင်မှတ်ထားတဲ့ ထိတ်လန့်စရာ ပေါက်ကွဲမှုတစ်ခု အီရန်နိုင်ငံမှာ ဖြစ်ပျက်ခဲ့ပါတယ်။

စီစီတီဗီပုံရိပ်များအရ လမ်းဘေးလူသွားလမ်း ပလက်ဖောင်းတွင် ခင်းထားသော ကျောက်ပြားတစ်နေရာက အပေါက် ဖြစ်နေပြီး ထိုအပေါက်ထဲသို့ လူတစ်ဦးမှ ပလက်စတတ်အိပ်အနက်နှင့် ထုတ်ယူလာသော အမှုန့်များကို လောင်းထည့်ထားခဲ့သည်။ မကြာမီတွင် အခြားလူတစ်ဦးရောက်လာပြီး သောက်လက်စ စီးကရက်ကို ပေါက်နေသော ကျောက်ပြားထဲသို့ စွန့်ပစ်ခဲ့သည်။ စက္ကန့်ပိုင်းအတွင်းများပင် ပြင်းထန်သော ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ခင်ထားသော ကျောက်ပြားများပင် တစ်စစီဖြစ်လျှက် လူမှာလည်း ဝမ်းလျားမှောက်အနေအထားနှင့် ထိခိုက်ဒဏ်ရာရခဲံကြောင်း တွေ့ရှိခဲ့ရသည်။


ဘာကြောင့် ပေါက်ကွဲခဲံရသည်ကို မသိရှိခဲ့ရသော်လည်း ပထမလူတစ်ယောက် ကျင်းပေါက်ထဲသို့ လောင်းထည့်ခဲ့သည့် အမှုန်များမှာ ယမ်းမှုန့်များ ဖြစ်နိုင်ကြောင်း ဝေဖန်လျှက်ရှိကြသည်။
 


15 Apr 2017     1,654 Views




RELATED

Most Popular of Special or Others

Most Popular of NEWS