မန္တလေးတွင် IC ဖျော်ဖြေရေးမဏ္ဍပ် ဖျက်စီးခံရ
15 Apr 2017 2,072 Views

မန္တလေးမဟာသင်္ကြန် အကြတ်နေ့တွင် မန္တလေးတိရိစ္ဆာန်ဥယျာဉ်ရှေ့ရှိ ကျုံးနံဘေးတွင် ဆောက်လုပ်ထားသော Iron Cross ဖျော်ဖြေရေးမဏ္ဍပ် ဖျက်ဆီးခံခဲ့ရကြောင်း သိရှိရသည်။

မီးစက်ချို့ယွင်းမှုကြောင့် ဖျော်ဖြေရေး ခတ္တရပ်နားစဉ် ပရိသတ်အချို့က သီးခံနိုင်ခြင်းမရှိပဲ ရုန်းရင်းဆန်ခတ်ဖြစ်ရာမှ မဏ္ဍပ်အား ဖျက်ဆီးခဲ့သည်အထိ ဖြစ်ခဲ့ကြောင်း သိရှိရသည်။ မဏ္ဍပ်အားဖျက်ဆီးနေမှုကို ဝင်ရောက်တားဆီးခြင်းမပြုပဲ လက်ပိုက်လျှက်ကြည့်နေကြသူ တစ်သောင်းလောက်ရှိကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောကြားခဲ့သည်။
ယင်းဖြစ်ရပ်ကြောင့် IC အဖွဲ့သားများ ထိခိုက်မှုတစ်စုံတစ်ရာ မရှိကြောင်း သိရှိရသည်။
Source:hein htet Wai







