BEC-TERO TV

ကလေးကို ကားမတိုက်မိအောင် ကာကွယ်ပေးခဲ့တဲ့ခွေးလေး (ရုပ်/သံ)

19 Apr 2017     2,020 Views


ခွေးတွေဟာ လူတွေအတွက် အကောင်းဆုံး မိတ်ဆွေဖြစ်တယ်ဆိုတာကို ဒီအပြုမူတစ်ခုထဲနဲ့ သက်သေပြလိုက်သလိုပါပဲ။

ခွေးပိုင်ရှင်ဖြစ်သူက သူ့ရဲ့သားလေး သုံးဘီးစက်ဘီး စီးနေတာကို ဗီဒီယိုရိုက်ကူးနေတဲ့အချိန် ခွေးလေးက ကလေးရဲ့ မလှမ်းမကမ်းမှာ ဝပ်ပြီးထိုင်နေပါတယ်။ ကလေးက စက်ဘီးနှစ်ပတ်သုံးပတ် လှည့်စီးနေစဉ် ကားအပြာရောင်လေး တစ်စင်းက လမ်းမကြီးကနေ ကလေးစက်ဘီးစီးနေတဲ့ လမ်းချိုးလေးကို ကွေ့ဝင်ဖို့ ပြင်လိုက်ပါတယ်။

အဲဒီအချိန်မှာ ခွေးလေးက ပြေးသွားပြီး ကလေးကို မတိုက်မိအောင် ဘယ်လိုကာကွယ်ခဲ့လဲဆိုတာကို ဗီဒီယိုလေးမှာ ကိုယ်တိုင်ရှုစားကြည့်ပါ။
 


အဆိုပါ အဖြစ်အပျက်ဟာ ထိုင်းနိုင်ငံမှာဖြစ်ခဲ့တာဖြစ်ပြီး ဒီဗီဒီယိုလေးကို အွန်လိုင်းမှာ တင်လိုက်တဲ့အခါ ကြည့်ရှုသူများပြားခဲ့ပြီး ခွေးလေးကို ဝိုင်းဝန်း ချီးကျူးခဲ့ကြသည်။
 


19 Apr 2017     2,020 Views




RELATED

Most Popular of Special or Others

Most Popular of Kids & Family