BEC-TERO TV

သွေးတိုး၊ နှလုံး၊ ဆီးချိုများအတွက် ဆေးစွမ်းထက်တဲ့ အာယုဒီဃ ကြယ်ပဲလှော်

19 Apr 2017     1,758 Views


အသက်အတန်ငယ်ရလာသူတွေကို ဒုက္ခပေးလေ့ရှိတာ သွေးတိုးရောဂါပင်ဖြစ်သည်။ သွေးတိုးရောဂါရှိနေသူတစ်ယောက်ဟာ ကျိမ်စာတိုက်ခံရသည့်အလား ရှောင်ကျဉ်ရမည့် အစားအသောက်များမှာ အများအပြားပင်။ မြင်သာမြင် ကြင်ခွင့်မရသည့် အခြေအနေမှာ စိတ်မထိန်းနိုင်လို့ စားသောက်မိပြန်ပါက ခံစားရသည့်ဝေဒနာက မချိမဆံ့ပင်။
 
သွေးတိုးရောဂါသည် အင်မတန်ကြောက်စရာကောင်းပြီး ဦးနှောက်​သွေးကြောပြတ်ခြင်းကဲ့သို့ အသက်သေဆုံးနိုင်သည့် အခြေနေမျိုးကို အချိန်မရွေး ဆိုက်ရောက်တတ်ပါတယ်။ ရှေးယခင်လူကြီးများက သွေးတိုးရောဂါအတွက် ကင်းပုံရွက်အစိမ်းကို အရည်ညှစ်ထောင်းသောက်ခြင်း၊ အခါအားလျှော်စွာ ကင်းပုံရွက်၊ ဒန့်သလွန်ရွက်တို့ကို ဟင်းချိုချက်သောက်ခြင်းဖြင့် ကာကွယ်တတ်ကြသကဲ့သို့ သံပရာသီးအစေ့ စားခြင်းဖြင့်လည်း သဘာဝဓါတ်စာများဖြင့် ဖြေလျော့တတ်ကြပါတယ်။
 
သွေးတိုးဝေဒနာသည်များအကြား ယခုနောက်ဆုံး လူသိများပြီး အစွမ်းထက်လှသည့် သဘာဝဓါတ်စာတစ်မျိုးကတော့ ကြယ်ပဲလှော်ပင်ဖြစ်သည်။ ကြယ်ပဲ၏ အစွမ်းမှာ သွေးတိုးရောဂါတစ်ခုတည်းသာမက ဆီးချို၊ အာရုံကြော အဆစ်အမြစ်၊ ကင်ဆာနှင့် အခြားသော ရောဂါဝေဒနာများကို သက်သာလျော့ပါးစေသော အာယုဒီဃ နတ်ဆေးတစ်ပါးလို့ပင် တင်စားရလောက်အောင် အစွမ်းထက်ကြောင်း သိရှိရသည်။

ကြယ်ပဲ၏ မူလရင်းမြစ်မှာ တောင်အမေရိကတိုက်ရှိ အမေဇုန်တောတွင်းတွင် အလေ့ကျပေါက်သည့် နှစ်ရှည်ပင် ဆီထွက်သီးနှံအမျိုးအစားဖြစ်သည်။ ဒေသအခေါ် Sacha inchi ဟုခေါ်ဆိုသည့် နွယ်ပင်တစ်မျိုးဖြစ်သည်။

 
ကြယ်ပဲ၏ ပုံသဏ္ဍန်မှာ ငါးမြှောင့်ပုံစံရှိပြီး ကြယ်ပဲ (သို့) စင်္ကြာပဲဟု မြန်မာမှုပြုကာ ခေါ်ဆိုခြင်းဖြစ်သည်။ ကြယ်ပဲတွင် ဗီတာမင် (A) နှင့် (E) ပြည့်ဝစွာပါဝင်ပြီး နှလုံးကျန်းမာရေးအတွက် အရေးကြီးသည့် သက်စောင့်ဓါတ် အိုမီဂါ-၃ (၅၄%)၊ အိုမီဂါ-၆ (၃၃.၄%)၊ အိုမီဂါ-၉ (၇.၂ %) တို့ကို ကြယ်ပဲတွင် တွေ့ရှိရသည်။ ပုံမှန်အားဖြင့် Omega 3 ကို သံလွင်ဆီနှင့် ငါးကြီးဆီတို့တွင်သာ တွေ့ရှိရပြီး ငါးကြီးဆီထုတ်လုပ်ရာတွင် ကုန်ကျစရိတ်များလွန်းသဖြင့် ကြယ်ပဲကို ငါးကြီးဆီအစားထိုး ဆေးတောင့်အဖြစ် ထုတ်လုပ်လာကြသည်။

 

ယခုအခါ မြန်မာနိုင်ငံ၏ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းတို့တွင် ၂၀၁၄ ခုနှစ်မှ စတင်ကာ စိုက်ပျိုးလာကြသည်။ ယခုအခါ ပြည်တွင်း စျေးကွက်အတွင်း၌ “ကြယ်ပဲလှော်”ကို အလွယ်တစ်ကူ ဝယ်ယူစားသုံးနိုင်ကြပြီ ဖြစ်ပါတယ်။
 
ကြယ်ပဲလှော်ကို ပုံမှန်စာသုံးခြင်းဖြင့်
 
- ဦးနှောက်သွေးကြောမပြတ်၊ နှလုံးသွေးကြောကျဉ်း ကာကွယ်နိုင်
- အာရုံကြောအားတိုးပြီး မှတ်ဉာဏ်ကောင်းကာ အမေ့လွန်ရောဂါ မဖြစ်နိုင်
- ကင်ဆာရောဂါကာကွယ်နိုင်ပြီး ဝိတ်ကျကာ ကိုယ်ခံအားကိုမြှင့်တင်နိုင်
- အဆစ်အမြစ်ရောဂါများ သက်သာစေနိုင်
- မျက်စိကြည်လင်ကာ အသားအရည်ဝင်းပလာခြင်း
- သွေးတိုးကျ၊ ဆီးချိုထိန်းပြီး နှလုံးကျန်းမာ
- အမျိုးသမီးများ သွေးဆုံးခါနီးရောဂါများကိုကာကွယ်နိုင်
- ဆံပင်ပျက်ဆီးမှုကိုလည်း ကာကွယ်နိုင်
- ဝမ်းချုပ်၊ ဝမ်းပျက်၊ အူမကြီး အူသိမ်ရောဂါများ ကာကွယ်နိုင်
- စိတ်ကိုတည်ငြိမ်စေပြီး စိတ်ကိုပျော်ရွှင်စေသည်။
 
ကြယ်ပဲလှော်ကို နေ့စဉ် နံနက် (၅)ဆံ၊ ညနေ (၅)ဆံ အခွံခွာပြီး ပုံမှန်စားသုံးပါက ရောဂါဝေဒနာများ သက်သာ လျော့ပါးလာသည်ကို ၁၀ ရက်အတွင်း ကိုယ်တိုင် သိမြင်ခံစားလာရပါမည်။
 
Ref:ဝီကီပီးဒီးယား

19 Apr 2017     1,758 Views




RELATED

Most Popular of Health Fix

Most Popular of Life Style