BEC-TERO TV

နေပြည်တော်-ပြည် ရထားပေါ်တွင် ခုံနေရာပြန်ရောင်းစားနေသော မီးရထားရဲ ရုပ်သံပျံ့နှံ့

23 Apr 2017     2,051 Views


နေပြည်တော် - ပြည် ရထားခရီးစဉ်တစ်ခုတွင် ခုံမဲ့လက်မှတ်နှင့် စီးနင်းလိုက်ပါလာသော ခရီးသွားပြည်သူများအား ရထားတွဲပေါ်အရောက်တွင် မီးရထားရဲ ဒုတပ်ကြပ်မိုးဇော် ဆိုသူအရာရှိက ခုံနေရာများပေးကာ ငွေကြေးကောက်ခံလျှက် ထပ်မံရောင်းစားနေသည်ကို ခရီးသွားပြည်သူတစ်ဦးက ဗီဒီယိုမှတ်တမ်းတင်ကာ မြန်မာနိုင်ငံမီးရထားဝန်ထမ်းများ၏ လူမှုကွန်ယက်စာမျက်နှာသို့ ပေးပို့တိုင်ကြားခဲ့သည်။

 

ရထားတွင် ခုံနေရာများ ရှိနေသော်လည်း ခရီးသည်များကို ခုံမဲ့လက်မှတ်သာ ရောင်းချပေးပြီး ရထားတွဲပေါ်ရောက်မှ မီးရထားရဲက ခုံနေရာပေးပြီး ငွေကြေးထပ်မံရယူနေမှုသည် နိုင်ငံတော်၏ ဘဏ္ဍာကို လိမ်လည်ခိုးယူနေသကဲ့သို့ ဝန်ထမ်းများ ပူးပေါင်းကာအကျင့်ပျက်ချစားမှုကိုလည်း ဖြစ်စေသည့်အတွက် တာဝန်ရှိသူများ သိရှိအရေးယူဆောင်ရွက်နိုင်ရန် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Video Credit:NaingSoe
 


23 Apr 2017     2,051 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS