ရေနစ်နေသူကို ကယ်တင်ခဲ့တဲ့ ခွေးလေး(ရုပ်/သံ)
23 Apr 2017 1,661 Views
ရေကန်တစ်ခုထဲတွင် ရေဆင်းကူးရင်း ရေနစ်နေသော သခင်ကို ကမ်းပေါ်မှ ထိုင်စောင့်နေသော ခွေးလေးတစ်ကောင်က ရေထဲသို့ ဒိုင်ပင်ထိုးဆင်းကူးခတ်ကာ ရေကန်အလယ်မှ သခင်အား ကမ်းစပ်ထိဆွဲလာပြီး ကယ်တင်သောရုပ်သံ အွန်လိုင်းတွင် ဝင်ရောက်ကြည့်ရှုသူများပြားခဲ့သည်။
အမှန်တစ်ကယ်တော့ သခင်ဖြစ်သူက ရေနစ်သူများကို ကယ်ဆယ်နိုင်ရန် လေ့ကျင့်ပေးထားသော ခွေးဖြစ်ပြီး ရေနစ်သည့်အမူအယာမျိုး တွေ့ရှိပါက ချက်ချင်းရေထဲဆင်းကာ ကယ်ဆယ်တတ်စေရန် သင်ကြားပေးထားခြင်းဖြစ်သည်။
ယခုဗီဒီယိုတွင်လည်း သခင်က ရေနစ်သည့်ဟန်ဆောင်ကာ ရေထဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်သည်နှင့် တစ်ပြိုင်နက် လာရောက် ကယ်ဆယ်နိုင်ကြောင်း သရုပ်ပြစမ်းသပ်ခဲ့ခြင်းဖြစ်သည်။








