BEC-TERO TV

ကုန်တင်သင်္ဘောတစ်စင်းကို ဆိုမာလီဓါးပြများ ပြန်ပေးဆွဲရန် ကြိုးပမ်းခဲ့သည့် (ရုပ်/သံ)

24 Apr 2017     1,631 Views


အာဖရိကတိုက်ရဲ့ ကျွန်းစွယ်လိုဖြစ်နေတဲ့ ဆိုမာလီယာနိုင်ငံက အာရေဘီယံပင်လယ်နဲ့ အိန္ဒိယသမုဒ္ဒရာတို့နဲ့ ထိစပ်နေပြီး နိုင်ငံရေးမတည်ငြိမ်မှု တရားဥပဒေ မစိုးမိုးမှုများကို အခွင့်ကောင်းယူကာ ဆိုမာလီဓါးပြများက ဖြတ်သွားဖြတ်လာ ပင်လယ်ကူးသင်္ဘောကြီးများကို ဓါးပြတိုက်၊ ပြန်ပေးဆွဲခြင်းတို့ ပြုလုပ်နေခဲ့တာ ကြာပြီဖြစ်ပါတယ်။
 
 
၂၀၀၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်ထိ ဆိုမာလီပင်လယ်ဓါးပြတွေရဲ့ ရန်ကလျော့ကျလာပြီဖြစ်ပေမယ့် ခြိမ်းခြောက်မှုတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။ ယခုဗီဒီယိုမှာ ၂၀၁၂ ခုနှစ်က အစောင့်အကျပ်လိုက်ပါလာတဲ့ ကုန်တင်သင်္ဘောကြီးတစ်စီးကို ဆိုမာလီပင်လယ်ဓါးပြတွေက စပိဘုတ် နှစ်စင်းနဲ့ ချဉ်းကပ်ရန် ကြိုးစားစဉ် အပြန်အလှန် ပစ်ခတ်ခဲ့ကြတာ ဖြစ်ပါတယ်။

24 Apr 2017     1,631 Views




RELATED

Most Popular of Special or Others

Most Popular of NEWS