BEC-TERO TV

အဝတ်အစားမှာ ဆီတွေ စွန်းထင်းတဲ့အခါ ဒီနည်းနဲ့ ဖြေရှင်းနိုင်

24 Apr 2017     1,575 Views


ကြော့ကြော့မော့မော့ ဝတ်ထားတဲ့အချိန် ထမင်းဝိုင်းမှာ အဆီအနှစ်တွေနဲ့ မတော်တဆ စွန်းထင်းပေကျန်အောင် လုပ်မိသွားတဲ့အခါ စိတ်ရှုပ်သွားမှာတော့ အမှန်ပါပဲ။ အများအားဖြင့် ဆီကလည်း ရေ၊ ဆပ်ပြာမုန့်နဲ့တင် ပြောင်တတ်တာမှ မဟုတ်ပဲကိုး။ တခြားဓာတုပစ္စည်းတွေကလည်း အဝတ်အစားကို ထိခိုက်စေနိုင်တာမို့ ဆီအစွန်းအထင်းတွေလည်းပြောင်၊ လွယ်လည်းလွယ်ကူတဲ့ နည်းလမ်းတစ်ခုကို ဝေမျှပေးချင်ပါတယ်။

ဆီစွန်းထင်းသွားတဲ့ သင့်ဘောင်းဘီကို အစွန်းချွတ်ဖို့ လိုအပ်တာက မြေဖြူတစ်တောင့် (၁)ချောင်း တည်းပါ။ သင်လုပ်ဆောင်ရမှာက စွန်းနေတဲ့နေရာကို မြေဖြူခဲနဲ့ ပွတ်ပြီး တစ်နာရီလောက် ထားထားလိုက်ပါ။ နောက် အဝတ်အစားကို အဝတ်လျှော်စက်ထဲ ပစ်ထည့်ပြီး ပုံမှန်အတိုင်း လျှော်ပွတ်ပေးရပါမယ်။ အဝတ်လျှော်စက်မှ အညစ်အကြေးတွေ ရှင်းပေးနေစဉ် မြေဖြူခဲကလည်း စွန်းထင်းနေတဲ့ ဆီတွေကို ထုတ်ယူပေးသွားပါလိမ့်မယ်။

 


24 Apr 2017     1,575 Views




RELATED

Most Popular of Special or Others

Most Popular of NEWS