BEC-TERO TV

ကြက်သွန်ဖြူစာသုံးတဲ့ အမျိုးသားတွေကို အမျိုးသမီးတွေက ပိုမိုစွဲလန်း

24 Apr 2017     2,090 Views


ယူကေနိုင်ငံရှိ စတာလင်တက္ကသိုလ်နဲ့ ပါရာဂွေးရှိ ချားလက်စ်တက္ကသိုလ်တို့၏ စမ်းသပ်စစ်ဆေးချက်များအရ ကြက်သွန်ဖြူစား အလွန်စားသုံးသည့်အမျိုးသားများကို အမျိုးသမီးတွေက ပိုမိုစွဲလန်းကြကြောင်း တွေ့ရှိခဲ့သည်။
 
 
စမ်းသပ်ချက်အရ အမျိုးသား ၄၂ ဦးကို ကြက်သွန်ဖြူ အစိမ်းလိုက် စားစေခြင်း၊ ကြက်သွန်ဖြူဆေးတောင့် စာသုံးခြင်း တစ်ဖန် ကြက်သွန်ဖြူ လုံးဝမစားခြင်း တို့ကို အလှည့်ကျ ပြုလုပ်စေခဲ့သည်။ အဲဒီနောက် သူတို့ရဲ့ ချိုင်းကြားမှာ အနံစုပ်တဲ့ကပ်ခွာတစ်ခုကို ၁၂ နာရီကြာ ကပ်ထားစေပြီး ကိုယ်သင်းရနံ့ကို စုဆောင်းခဲ့ပါတယ်။
 
 
ထိုကိုယ်သင်းနံ့ပါတဲ့ ကပ်ခွာတွေကို အမျိုးသမီး ၈၂ ဦးကို ရှုရှိုက်စေပြီး၊ သူတို့ကို နှစ်သက်စေတဲ့စိတ်၊ ဆွဲဆောင်နိုင်တဲ့စိတ်၊ ယောက်ျားပီသတယ်လို့ ဖြစ်စေတဲ့စိတ်တို့ကို စမ်းသပ်စစ်ဆေးခဲ့ရာတွင် ကြက်သွန်ဖြူစားသုံးသူရဲ့ ကိုယ်သင်းရနံ့က ကြက်သွန်ဖြူမစားသူထက် ပိုပြီး အမျိုးသမီးတွေကို ဆွဲဆောင် နှစ်သက်မှုရှိစေကြောင်း သုတေသန တွေ့ရှိခဲ့ရသည်။ 
 
ထို့အပြင် အမျိုးသမီးများ ကြက်သွန်ဖြူ စားသုံးမှုများပါက ကြက်သွန်ဖြူနံ့က နို့ရည်တွင် သက်ရောက်စေနိုင်သဖြင့် ကလေးနို့တိုက်ရာတွင် အခက်တွေ့ခြင်း ကြာရှည်စွာ နို့တိုက်ရခြင်းတို့ကို ကြုံရတတ်ကြောင်း ရေးသားဖော်ပြထားသည်။
 

 


24 Apr 2017     2,090 Views




RELATED

Most Popular of Health Fix

Most Popular of Life Style