မြန်မာညစ်ညမ်းဗီဒီယိုဇာတ်လမ်းကို ဖေ့စ်ဘွခ်အသုံးချပြီး ဖြန့်ဖြူးရောင်းချနေ
24 Apr 2017 28,583 Views

မြန်မာများကိုယ်တိုင် ပါဝင်သရုပ်ဆောင် ရိုက်ကူးထားသည့် ညစ်ညမ်းဇာတ်ကားတစ်ကားကို လူမှုကွန်ယက် ဖေ့စ်ဘွခ်ကို အသုံးချကာ စီးပွားဖြစ်ရောင်းချနေကြောင်း သိရှိရသည်။
.jpg)
Art of Myanmar production အမည်ဖြင့် Facebook Page တစ်ခုထောင်ကာ “မြန်မာ့ခရမ်းပြာ” အမည်ရ ညစ်ညမ်းဇာတ်ကားကို ၅,၀၀၀ကျပ်၊ ၁၀,၀၀၀ကျပ်ဖြင့် အွန်လိုင်း Viber မှတစ်ဆင့် ဧပြီ ၂၄ ရက်(ယနေ့) နံနက်ပိုင်းမှ စတင်ရောင်းချနေခဲ့ခြင်းဖြစ်သည်။

၎ မိနစ်စာ ဇာတ်ကားနမူနာကို ဖြန့်ချီခဲ့ပြီး အဆိုပါ နမူနာထဲတွင် မြန်မာစကားပြော အင်္ဂလိပ်စာတန်းထိုးထားပြီး သရုပ်ဆောင်များ၏ အသံများကိုလည်း နည်းပညာဖြင့် အသံဖျက်ထားကြောင်း သိရှိရသည်။


အဆိုပါဇာတ်ကားနမူနာတွင် မည်သည့်အဖွဲ့အစည်းကိုမျှ ရည်ညွှန်းထားခြင်းမရှိပါဟု ဖော်ပြထားသော်လည်း အဝတ်အစားအပြင်အဆင်မှာ ကျန်းမာရေးဝန်ထမ်း(သူနာပြု) အတိုင်း လုံချည်အရောင်လွဲဝတ်ဆင်ထားသည်ဟု ယူဆရပါတယ်။

အထက်တွင် ဖော်ပြခဲ့သော သတင်းသည် မြန်မာညစ်ညမ်းကား ရောင်းချနေသော လူမှုကွန်ယက် စာမျက်နှာကို ကြော်ငြာပေးနေခြင်းမဟုတ်ပဲ၊ သက်ဆိုင်ရာ အဖွဲ့အစည်းအများအနေနှင့် ဥပဒေနှင့် ညိစွန်းမှုရှိ/မရှိ၊ အားပေးသင့်/တားမြစ်သင့် စသည့် လုပ်ငန်ဆောင်တာများကို ဆက်လက် လုပ်ဆောင်နိုင်ရန် ဖော်ပြပေးခြင်းမျှသာဖြစ်ကြောင်း အသိပေးအပ်ပါသည်။