တန်ဖိုးသင့်အိမ်ရာ စီမံကိန်းဖြင့် အိမ်ခန်း(၁၀၂၁၂) ခန်းကို ၂၀၁၇ ခုနှစ်အတွင်း အပြီးတည်ဆောက်ကာ
25 Apr 2017 1,503 Views

တန်ဖိုးနည်း၊ တန်ဖိုးသင့်နှင့် Affordable Housing အိမ်ရာစီမံကိန်းများဖြင့် အိမ်ခန်းစုစုပေါင်း(၁၀၂၁၂)ခန်းကို ၂၀၁၇ ခုနှစ်အတွင်း အပြီးတည်ဆောက်ကာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရှိရသည်။
“အဲဒီအခန်းတွေ ရောင်းချရာမှာ ဝင်ငွေနည်း ပြည်သူနိုင်ငံဝန်ထမ်းများ ၊ကုမ္ပဏီဝန်ထမ်းများ၊ ပင်စင်စားများအား ဦးစားပေးစနစ်ဖြင့် ရောင်းချသွားမှာဖြစ်ပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ အမြဲတမ်း အတွင်းဝန် ဦးကျော်လင်းကပြောပါတယ်။လက်ရှိတ်ာဆောက်လျှက်ရှိသည့် တန်းဖိုးနည်း၊ တန်ဖိုးသင့်နှင့် Affordable Housing အိမ်ရာစီမံကိန်းများကို နေပြည်တော်၊ ရေနံ့သာမြို့တို့တွင် အိမ်ခန်း(၈၀)ခန်း ၊ရန်ကုန်မြို့တွင် အိမ်ခန်း(၈၇၁၂)ခန်း မုံရွာမြို့တွင် အိမ်ခန်း(၄၄၀)ခန်း ၊မကွေးမြို့တွင် အိမ်ခန်း(၃၀၄)ခန်း၊ ပုသိမ်မြို့တွင် အိမ်ခန်း(၆၇၆)ခန်းဆောက်လုပ်လျှက်ရှိကြောင်း သိရပါတယ်။
“ဌာနရဲ့ မူဝါဒများနဲ့အညီ မြို့ရွာများဟန်ချက်ညီညီစဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နဲ့ ပြည်သူလူထုအတွက် သင့်လျော်ကောင်းမွန်သည့် အိမ်ရာများ စဉ်ဆက်မပြတ် ဖြည့်ဆည်းနိုင်ရန် အစဉ်တစ်စိုက်ဆောင်ရွက်နေပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်ဦးကျော်လင်းက ပြောပါတယ်။
Credit : ဝေဖြိုး(မြစ်မခ)







