BEC-TERO TV

ဇနီးသည်စွန့်ပစ်သွားလို့ လသားအရွယ်သမီးလေးနှင့် ကိုယ်တိုင်ကြိုးဆွဲချသေဆုံး(ရုပ်/သံ)

25 Apr 2017     2,296 Views


ပြီးခဲ့တဲ့ လပိုင်းက ထိုင်းနိုင်ငံ ဖူခက်ခရိုင် ထလန်မြို့တွင် ၁၁ လသမီးအရွယ် ကလေးငယ်နှင့် ဖခင်ဖြစ်သူတို့ နှစ်ဦးစလုံး ဖေ့စ်ဘွခ်ပေါ်မှ တိုက်ရိုက်ထုတ်လွှင့်ကာ အဆုံးစီရင်ခဲ့ကြောင်း သိရှိရသည်။
 
ဇနီးဖြစ်သူက စွန့်ပစ်သွားခဲ့ပြီး သူတို့သားအဖဆီသို့ ပြန်လာရန်၊ လုပ်ခဲ့သည့် အပြစ်များအားလုံးကို ခွင့်လွှတ်သည်၊ အမြန်ပြန်လာပါ စသည်ဖြင့် အဓိပ္ပါယ်ရသော စာသားများကို သူ၏ ဖေ့စ်ဘွခ်ပေါ်တွင်ရေးတင်ထားခဲ့သည်။
ထို့နောက် ဆောက်လက်စ အဆောက်အဦတစ်ခု အပေါ်တက်ကာ ဘာမှမသိသော အပြစ်မဲ့တဲ့သမီးငယ်လေးကို လည်ပင်းကြိုးကွင်းစွပ်ကာ လျောချခဲ့သည်။ ကလေးငယ် သေဆုံးတာ သေချာပြီးနောက် ကိုယ်တိုင်ကြိုးကွင်းစွပ်ကာ ခုန်ချခဲ့သော်လည်း ခံနိုင်ရည်မရှိသည့်အတွက် တိုင်ဖက်ကာ ပြန်တက်လာခဲ့သော်လည်း နောက်ဆုံး လည်ပင်းအစ်ကာ သေဆုံးခဲ့သည်။
 
**သတိပေးတားမြစ်ချက်**
ဖော်ပြပါဗီဒီယိုတွင် စိတ်နှလုံးမသာယာစေသော ပြကွက်များ ပါရှိပါသဖြင့် ကြည့်ရှုသူများ ဆင်ခြင်သင့်ပါသည်။
 
 
မိဘများ၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဓါတ်ကြောင့် လောကတွင် အသက်သေ၊ ဘဝရှုံးနေရသော အပြစ်မဲ့ကလေးငယ်များ နောက်ထပ်မရှိတော့ရန် ဆုတောင်းမိပါသည်။
 
 

25 Apr 2017     2,296 Views




RELATED

Most Popular of Special or Others

Most Popular of NEWS