BEC-TERO TV

အကိုက်အခဲပျောက်ဆေးများ စွဲလမ်းမှုကြောင့် အသက်သေဆုံးနိုင်ခြေမြင့်မား

25 Apr 2017     2,081 Views


ကယ်လီဖိုးနီးယား လော့စ်အန်ဂျလိစ်တက္ကသိုလ်မှ သုတေ သီများက ယင်းကဲ့သို့သော ဆေးဝါးများတလွဲသုံးစွဲသည့် လူများ၏ သေဆုံးမှုနှုန်းကို လေ့လာခဲ့သည်။ ယင်းကဲ့သို့သော ဆေးဝါးများကို ပြင်းထန်သော နာကျင်ကိုက်ခဲ မှုဝေဒနာ ကုသရန် အသုံးများသည်။ 
 
ယင်းဆေးဝါးများကို ပိုမိုသုံးစွဲ ခွင့်ပြုသောကြောင့် အမေရိကန်နိုင်ငံတွင် ဆေးစွဲလမ်းမှု ပြဿနာ များဆက်လက်ဖြစ်ပေါ်နေသည်ဟု မှတ်ယူရသည်။ ၁၉၉၉ နောက် ပိုင်း အမေရိကန်နိုင်ငံတွင် အကိုက်အခဲပျောက်ဆေးလွန်ကဲစွာသုံးစွဲမှု လေးဆမြင့်တက်လာပြီး လူနာအများစုသည် တရားဝင်သုံးစွဲခွင့် ပြုသော ယင်းဆေးဝါးများအသုံးပြုခွင့်မရတော့သည့်အချိန်တွင် ဟီးရိုးအင်းကို ပြောင်းလဲသုံးစွဲလာသည်။
 
ယင်းအတွက်ကြောင့် ဆေးလွန်ပြီး သေဆုံးသူ အရေအတွက်ပိုများလာသည်။ Oxycodone, Hydrocodone, Codeine နှင့် Fentayl တို့ကဲ့သို့ သော အကိုက်အခဲပျောက်ဆေးများသည် မော်ဖင်းကဲ့သို့ပင် စွဲလမ်း နိုင်မှုမြင့်မားသော ဆေးဝါးများဖြစ်သည်။ ယင်းဆေးဝါးများ အသုံးပြုမှုများသူများသည် တရားဝင်ဆေး သုံးစွဲခွင့်မရတော့သည့်အခါ အခြားအစားထိုး မူးယစ်ဆေးတစ်မျိုးကို သုံးစွဲလာလေ့ရှိသည်။ 
 
ဆေးဝါးများ တလွဲသုံးစွဲမှုကို ဖော်ထုတ်သိရှိ ချိန်နောက်ကျခြင်းကြောင့်လည်း ဆေးလွန်၍ သေဆုံးမှုနှုန်း မြင့်မား လာနိုင်ကြောင်း သုတေသီများက ပြောသည်။ ယခု လေ့လာမှုကြောင့် မူလအစမှာပင် ဆေးဝါးများတလွဲသုံး စွဲခြင်း ရှိ၊ မရှိ စစ်ဆေးမှု တိုးတက်လာစေရန်နှင့် ယင်းအခြေအနေကို ကုသပေးနိုင်ရန်လိုအပ်ကြောင်း ဖော်ပြနေသည်ဟု သုတေသီများက ပြောသည်။
 
 

25 Apr 2017     2,081 Views




RELATED

Most Popular of Health Fix

Most Popular of Life Style