ဒါရိုက်တာဝိုင်း နဲ့ သရဲကားရိုက်မယ့် ရတနာဗိုလ်
25 Apr 2017 1,597 Views

ပြီးခဲ့တဲ့ လအနည်းငယ်က မတည့်တဲ့ ဆေးတွေနဲ့ ကုသမိရာမှ သေလုမျောပါး ဖြစ်ခဲ့ ရပြီး ဘန်ကောက်မှာဆေးကုသမှု သွားရောက်ခံယူခဲ့ရာမှ ကျန်းမာရေးပြန်လည်ကောင်းမွန်လာတဲ့ ရတနာဗိုလ်ဟာ ဇာတ်ကားတွေလဲ ပြန်လည်ရိုက်ကူးနေပြီ ဇြစ်ပါတယ်။ ဇာတ်ညွှန်းဖတ်နေရင်းတောင် ကြောက်ရတဲ့ သရဲဇာတ်ကားကို ဒါရိုက်တာ ၀ိုင်းနဲ့ အတူ ရိုက်ကူးမှာပါလို့ ရတနာဗိုလ် က ပြောထားပါတယ် ။
ဇာတ်ကားနာမည်ကို “ကာဗွန်ဒိုင်အောက်ဆိုဒ်” လို့အမည်ပေးထားပြီး ဒီဇာတ်ကားကြီးမှာ မကျွတ်မလွတ်သေးတဲ့ ၀ိဥာည်ကောင်မလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ရမှာပါ ။ သရုပ်ဆောင်ဖို့ ကြောက်လဲကြောက်မိသလို ရင်ခုန်စိတ်လှုပ်ရှားနေပါတယ် လို့လဲ ရတနာဗိုလ် ကပြောပြထားပါတယ်။ ထိုဇာတ်ကားမှာ အလင်းရောင် ၊ကျော်ထက်အောင် ၊ဖွေးဖွေး တို့လဲ ပါဝင်ကြမှာ ဖြစ်ပြီး ကလဲ့စားချေတဲ့ ၀ိဥာည် ကောင်မလေးအနေနဲ့ သရုပ်ဆောင်မှာပါ ။
ဇာတ်ကားကို ပြင်ဦးလွင်မှာသွားရောက်ရိုက်ကူးမှာဖြစ်ပြီး ညဘက်အပိုင်းတွေရိုက်ကူးရမှာကိုတော့ နည်းနည်းကြောက်တယ်လို့ပြောထားပါတယ် ။ ဇာတ်ညွှန်းဖတ်ကတည်းက ကြက်သီးထပြီးကြောက်နေတာ ။ဘာပဲ ဖြစ်ဖြစ်အကောင်းဆုံးတော့ ကြိုးစားသွားပီး ကိုယ့်ကာရိုက်တာအတွက် အသစ်အဆန်းဖြစ်တယ် လေးစားရတဲ့ ဆရာလဲ ဖြစ်တဲ့ ကိုဝိုင်းနဲ့ ရိုက်ကူးရမှာလဲ ဖြစ်တဲ့ အတွက်ပျော်မိတယ်လို့ လဲ ပြောသွားခဲ့ ပါတယ် ။
Credit:Posh