BEC-TERO TV

အမျိုးသမီးအတွင်းပစ္စည်းပဲ သီးသန့်ခိုးတဲ့ အာဂသူခိုး

25 Apr 2017     2,164 Views


တရုတ်နိုင်ငံ ကျန်ရှီပြည်နယ် ကကျူကျာန်းမြို့တွင် ဧပြီ ၁၂ ရက်က လူတယောက်ကို ဖမ်းဆီးလိုက်သည်။ အဆိုပါ သူခိုးမှာ အတွင်းခံများကို ၁၀ နှစ်ကြာ စုဆောင်းခဲ့ယူခဲ့သည်ဟု ဆိုသည်။ ခိုးရာပါပစ္စည်းများဖြစ်သည့် အတွင်းခံနှင့် ဘရာစီယာများကို ရဲတပ်ဖွဲ့ကသိမ်းဆည်းရာ ထရပ်ကားတစီးဖြင့် သယ်ယူရသည်အထိ များပြားခဲ့သည်။ ရွှန်းယန်းခရိုင် ပြည်သူ့လုံခြုံရေးဗျူရိုမှ လက်ထောက် ဒါရိုက်တာ လျူယင်းဘင်က ဒေသတွင် ရပ်ကွက်တခုသို့ သွားရောက်စဉ် အမျိုးသမီးများ၏ အတွင်းခံအမြောက်အမြား အခိုးခံရကြောင်း သတင်းရရှိခဲ့သည်။

အတွင်းခံအခိုးခံရသော အမျိုးသမီးက သူ၏အတွင်းခံများကို နောက်ပိုင်းတွင် အနီးအနားတွင်ရှိသော တိုက်ခန်းတခု၏ လေသာဆောင်တွင် လှန်းထားကြောင်း တွေ့ခဲ့ရသည်။ ထို့ကြောင့် ရဲက ၀င်ရောက်ရှာဖွေရာ ထောင်နှင့်ချီသော အတွင်းခံများနှင့် အမျိုးသမီး တကိုယ်ရေသုံးပစ္စည်းများကို တွေ့ခဲ့ရသည်။ ပြစ်မှုကျူးလွန်သူမှာ Xing ဟု သိရပြီး ၎င်းထံမှ အမျိုးသမီးအတွင်းခံမျိုးစုံ အိတ်ကြီး ၁၀ လုံးကျော်စာ တွေ့ရှိခဲ့ရသည်။ Xing ကလည်း ခိုးယူကြောင်း ၀န်ခံသည်။ ၎င်းသည် အသက် ၄၀ အရွယ်ရှိပြီး မယားနှင့် ကွာရှင်းထားသူဖြစ်သည်။ ၎င်းသည် အမျိုးသမီး အသုံးအဆောင်များကို သဘောကျနှစ်ခြိုက်သူဖြစ်ပြီး အထက်တန်းကျောင်းသားဘ၀ကတည်းက မိန်းမလျာစိတ်ဝင်နေသူဖြစ်သည်။

 


25 Apr 2017     2,164 Views




RELATED

Most Popular of Special or Others

Most Popular of NEWS