Detox Water (သစ်သီးရေစိမ်) တွေက တကယ်ကော အကျိုးရှိရဲ့လား..?
26 Apr 2017 2,095 Views

ဒီရက်ပိုင်း ကျွန်တော်တို့ အသောက်များလာတဲ့ Detox Water (သစ်သီးရေစိမ်) တွေ က တကယ်ကော အကျိုးရှိ/မရှိ တကယ်တမ်း သစ်သီးတွေ မှာ အဖိုးမဖျက် နိုင်တဲ့ ဗီတာမင် နှင့် သတ္တု ဓါတ်တွေ ပါဝင်ပြီးသားပါ။ ဒါကြောင့် မို့လည်း ကျွန်တော် တို့ တစ်နေ့တာ ကို အသီးအရွက် ကို သတ်မှတ်ထားတဲ့ ပမာဏ ကို ပြည့်မီအောင်စားဖို့ အကြံအမြဲပေးဖြစ်နေတာပါ။ ဒါပေမယ့် အသီးတွေ ကို ရေစိမ်ပြီး ၁ရက်ကြာထားတာ၊ ဒါမှ မပာုတ် နာရီပိုင်း ကြာထားပြီး သောက်တာက တော့ ထွေထွေထူးထူး အကျိုးအာနိသက် ရှိတယ် ဆိုပြီး ဖော်ပြထားတာ တော့မရှိသေးပါဘူး။

ဒါတွေ သောက်မယ့်လအစား အသီးတစ်လုံး လတ်လတ်ဆပ်ဆပ် စားတာက ဗီတာမင် နှင့် သတ္တု ဓါတ်ပြည့်ဝ စွာပို ရနိုင်ပါတယ်။ နောက်တစ်ခု အခုနောက်ပိုင်း ခေတ်စားလာတဲ့ detox water နဲ့ ၃ ရက်တာ ဘာမှ မစားဘဲ detox water ပဲသောက်ပြီး အူလမ်းကြောင်း ကို ဆေးပစ်တယ် ဆိုတာကလည်း လွဲမှားနေတဲ့ အတွက် လိုက်မလုပ်ကြဖို့ တိုက်တွန်းပါရစေ။







