BEC-TERO TV

ပညာသင်ဆု လေးဆုချီးမြှင့်မယ့် ဘီယွန်းဆေး(ရုပ်/သံ)

26 Apr 2017     1,509 Views


ကမ္ဘာကျော် ပေါ့ပ်အဆိုတော် ဘီယွန်ဆေးက သူမရဲ့နောက်ဆုံးထွက်ထားတဲ့ “Lemonade” သီချင်းအယ်လ်ဘမ် တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပညာသင်ဆု ကောလိပ် စကောလားရှစ် လေးခုကို ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။
 
 
စကောလားရှစ်လျောက်ထားနိုင်သူဟာ အမျိုးသမီးငယ်ဖြစ်ရပါမယ်။ တီထွင်ဖန်တီးနိုင်တဲ့ အရည်အချင်းပိုင်ဆိုင်သူဖြစ်ပြီး လွပ်လွပ်လပ်လပ် တွေးခေါ်တတ်သူ ဖြစ်ဖို့ လိုအပ်မှာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
 
Berklee College of Music, Howard University, Parsons School of Design နဲ့ Spelman College တို့က ဘီယွန်ဆေးရဲ့ ပညာသင်ဆုမှာပူးပေါင်းပါဝင်ဆောင်ရွက်မှာဖြစ်ပါတယ်။ Spelman College က ဒေါ်လာ ၂၅,၀၀၀ တန် တစ်ကြိမ်ပညာသင်ဆုကို သူ့ရဲ့ ဝဘ်ဆိုက်မှာ ဖော်ပြထားပြီး ဒီပမာဏဟာ စာသင်နှစ်ဝက်တစ်ခုစာ ကျူရှင်ခ၊ နေထိုင်သွားလာစရိတ်တွေအားလုံးကို လုံလုံလောက်လောက် ကာမိစေမှာဖြစ်ပါတယ်။ 
စိတ်ပါဝင်စားသူများအနေနဲ့ မိမိရဲ့ကိုယ်ရေးအချက်အလကတွေကို ဖြည့်စွက်ရမှာဖြစ်ပြီး ဘီယွန်းဆေးရဲ့ “LEMONADE” သီချင်းက ကိုယ်ရဲ့ ပညာရေးရည်မှန်းချက်ကို ဘယ်လောက်ထိ နိုးကြွစေတယ် ဆိုတဲ့ အက်ဆေးတစ်ပုဒ်ကို ရေးသားရမှာဖြစ်ပါတယ်။
 
 
“Lemonade” သီချင်းအယ်လ်ဘမ်က ဖေဖော်ဝါရီလတုန်းက ဂရမ်မီဆုနှစ်ခု သိမ်းပိုက်နိုင်ခဲ့သလို လွန်ခဲ့တဲ့ အပတ်ကလည်း Peabody Award ကို ထပ်မံရရှိခဲ့ပါတယ်။
 

26 Apr 2017     1,509 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS