BEC-TERO TV

သေကြောင်းကြံစည်တဲ့ ကျောင်းသူကို စွန့်စွန့်စားစားကယ်တင်ခဲ့တဲ့ မီးသတ်သမား(ရုပ်/သံ)

26 Apr 2017     1,508 Views


ကိုးရီးယားနိုင်ငံရဲ့ အထပ်မြင့်နေအိမ်ဝရံတာတစ်ခုကနေ ခုန်ချပြီး သေကြောင်းကြံစဉ်ရန် ကြိုးပမ်းခဲ့သည့် ကျောင်းသူတစ်ဦးကို မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးမှ စွန့်စွန့်စားစား အချိန်ကိုက် ကယ်တင်လိုက်ရသည့် ရုပ်သံမှာ အွန်လိုင်းတွင် လတ်တလောရေပန်းစားလူကြည့်များတဲ့ အဖြစ်ပျက်တစ်ခု ဖြစ်နေပါတယ်။
 
ရုပ်သံမှတ်တမ်းအရ အမျိုးသမီးလေးဟာ ဝရံတာလက်တန်းပေါ်မှာ အပြင်ကို ခြေထောက်ထုတ်ကာ ထိုင်နေပြီး ခုန်ချရန် ကြံစည်ကြိုးစားနေသည်ကို အိမ်နီးချင်းများက တွေ့ရှိခဲ့ပြီးနောက် ကယ်ဆယ်ရေးအဖွဲ့ကို အကြောင်းကြားခဲ့ကြခြင်းဖြစ်သည်။
ကယ်ဆယ်ရေးအဖွဲ့က သူမ၏အပေါ်ထပ် အိမ်ခန်းသို့ တိုးတိတ်စွာရောက်ရှိလာပြီး မီးသတ်သမားတစ်ဦးက အပေါ်ဝရံတာမှ ကြိုးနှင့် ချိန်ကိုက်ဆင်းကာ ကောင်မလေးကို အတွင်းထဲသို့ ရောက်အောင် တွန်းချခဲ့ရခြင်းဖြစ်သည်။
 
အနည်းငယ်လွဲချော်မှုသာ ရှိခဲ့ပါက ကောင်မလေး အောက်သို့ တိုက်အောက်သို့ ပြုတ်ကျရန် ရာခိုင်နှုန်းများလှသဖြင့် ကြည့်ရသူများ ရင်သပ်ရှုမောခဲ့ရသည်။
 

26 Apr 2017     1,508 Views




RELATED

Most Popular of Special or Others

Most Popular of NEWS