နေပြည်တော်တွင် ဇနီးကို ခင်ပွန်းက တူနှင့်ထုသတ်
26 Apr 2017 1,675 Views

နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် သဲဖြူရွာတွင် ယနေ့ (ဧပြီလ ၂၆ ရက်) နံနက်က လင်မယားချင်း စကားများရာမှ ဇနီးကို ခင်ပွန်းက တူနှင့်ထုသတ်ခဲ့ကြောင်း ဒက္ခိဏသီရိ မြို့မရဲစခန်းထံမှ သိရသည်။ယင်းဇနီးမောင်နှံနှစ်ဦးသည် နေအိမ်၌ စကားများရန်ဖြစ်ခဲ့ရာ အသက် ၄၀ နှစ်ခန့်အရွယ် ခင်ပွန်းက တူဖြင့်ထုခဲ့၍ အသက် ၃၅ နှစ်ခန့်အရွယ် ဇနီးဖြစ်သူသည် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာတစ်ချက်၊ လည်ပင်းနှင့် ယာဘက်ပခုံးတို့တွင် ညိုမဲဒဏ်ရာများ ရရှိသေဆုံးခဲ့ကြောင်း ဒက္ခိဏသီရိ မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။“တရားခံ ယောက်ျားဖြစ်သူက ထွက်ပြေးလွတ်မြောက်နေလို့ ဖမ်းဆီးရမိဖို့ ကြိုးစားနေပါတယ်”ဟု ၎င်းကဆိုသည်။
Credit : thevoicemyanmar







