BEC-TERO TV

အဆောင်မှူးရိုက်နှက်လို့ ခြေနှစ်ဖက်လုံးဖြတ်ပစ်ရမည့် ကလေးငယ် သေဆုံး

26 Apr 2017     1,417 Views


ယနေ့နံနက်ပိုင်းက “ကျောင်းအဆောင်မှူး ရိုက်နှက်မှုကြောင့် ၁၁ နှစ်သား ကလေး ခြေထောက်နှစ်ချောင်းလုံး ဖြတ်ပစ်ရ” ဆိုသော သတင်းကို ပိုပိုလေးမှ ရေးသားခဲ့ပြီး ယနေ့ နေ့လည်ပိုင်းတွင် အဆိုပါကလေးငယ်မှာ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
 
 
ပုဂ္ဂလိက ဘာသာရေးသင်တန်းကျောင်းမှ အဆောင်မှူး၏ မညှာမတာ ရိုက်နှက် ညှင်းပန်းနှိပ်စက်မှုကြောင့် ‘ကိုမာ’ ဝေဒနာခံစားနေရာသော ကလေးငယ်မှာ ဧပြီ ၂၆ ရက် မွန်းလွဲ ၂ နာရီ ၅ မိနစ်အချိန်တွင် ဆူလတန် အစ်မေးလ် ဆေးရုံကြီးပေါ်တွင် ကွယ်လွန်သွားခဲ့ကြောင်း နောက်ဆုံးသတင်းရရှိသည်။
 
ယနေ့နံနက်ပိုင်းတွင် ကလေးငယ်၏ ယောင်ရမ်းနေသော လက်မောင်းကို ဖြတ်တောက်ရန် စီစဉ်ခဲ့သော်လည်း နှလုံးခုန်မမှန်ခြင်းတို့ဖြင့် အခြေအနေ ဆိုးရွားစွာဖြင့် ဝေဒနာကို အပြင်းအထန်ခံစားရင်း သေဆုံးခဲ့ခြင်းဖြစ်သည်။
 
ဖြစ်စဉ်ရဲ့ အစကတော့ ယခုနှစ် ဇန်နဝါရီလတွင် မိခင်ဖြစ်သူဟာ ကိုတာတင်ဂီမြို့ရှိ ပုဂ္ဂလိကဘာသာရေးကျောင်း ကြော်ငြာကို ဖေ့စ်ဘွခ်မှာတွေ့ခဲ့ပြီးနောက် သူမရဲ့ သားဖြစ်သူကို အဆိုပါကျောင်းမှာ ကျောင်းအိပ်၊ ကျောင်းစားတက်စေခဲ့ပါတယ်။ 
 
ပြီးခဲ့တဲ့လက သူမရဲ့သားကို တွေ့ဖို့ ကျောင်းကိုလိုက်သွားတဲ့အခါ ကလေးက အရမ်းအားနည်းနေပြီး၊ မောပန်းနေတာကို တွေ့ခဲ့ရပါတယ်။ သားဖြစ်သူက မိခင်ကို ပွေ့ဖက်ကာ သူ့ကို အိမ်ပြန်ခေါ်သွားပေးပါ၊ ဒီနေရာကနေ ခေါ်ထုတ်သွားပေးပါ၊ သူ့ကို နာကျင်အောင် နှိပ်စက်ကြတယ်လို့ ဆိုတဲ့အတွက် သူမလည်း စိတ်ပူသွားပြီး ကျောင်းက တာဝန်ရှိသူတွေကို အိမ်ပြန်ပို့ပေးဖို့ မေတ္တာရပ်ခံခဲ့တဲ့အခါ မတ်လ ၃၁ ရက်နေ့မှာ ကလေးကို အိမ်ပြန်ပို့ပေးခဲ့ပါတယ်။
 
 
မွေးချင်း ငါးယောက်မှာ သုံးယောက်မြောက်ဖြစ်တဲ့ သားလေးဟာ အိမ်ပြန်ရောက်ပြီး ရက်အနည်းငယ်အတွင်းမှာပဲ အပြင်းဖျားပါတော့တယ်။ အဲဒီအချိန်မှာ ဒဏ်ရာတွေ အညိုမည်းတွေက သူ့ရဲ့ ခြေထောက်နှစ်ဖက်လုံးမှာ တစ်ဖြည်းဖြည်းပေါ်လာခဲ့ပါတယ်။ တစ်ကိုယ်လုံးနာကျင်မှုကို ညဉ်းညူရင်း ဆေးခန်းပြပေးရာကနေ ဆေးရုံသို့တင်ခဲ့ရပြီး အခြေအနေ ပိုမိုဆိုးလာခဲ့ပြီး ယနေ့မွန်းလွဲပိုင်းမှာတော့ သေဆုံးသွားခဲ့ပါတယ်။
 
 
ကိုတာတင်ဂီမြို့ ရဲစခန်းက စုံစမ်းစစ်ဆေးပြီးတဲ့နောက်မှာတော့ အသက် ၂၉ နှစ်အရွယ် ကျောင်းအဆောင်မှူးက ရေပိုက်လုံးနဲ့ ကလေးတွေကို ရိုက်နှက်ခဲ့တာ ပေါ်ပေါက်ခဲ့ပြီး ကလေးသူငယ်ကာကွယ်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၁(၁) နှင့် အရေးယူ ဖမ်းဆီးခဲ့ပါတယ်။
 

26 Apr 2017     1,417 Views




RELATED

Most Popular of International News

Most Popular of NEWS