BEC-TERO TV

ဒုံးလက်နက်များတပ်ဆင်ထားသည့် အမေရိကန် ရေငုပ်သင်္ဘောကြီး တောင်ကိုရီးယားရောက် (ရုပ်သံ)

26 Apr 2017     1,276 Views


မြောက်ကိုရီးယားနိုင်ငံက နောက်ထပ် နျူကလီးယားစမ်းသပ်မှုနဲ့ ဒုံးကျည်ပစ်လွှတ်မှုတွေ လုပ်မယ်လို့ စိုးရိမ်နေကြချိန်မှာပဲ အမေရိကန် ပဲ့ထိန်းဒုံးတွေတပ်ဆင်ထားတဲ့ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောဟာ တောင်ကိုရီးယားနိုင်ငံကို ဧပြီ ၂၅ ရက်နေ့ ရောက်ရှိလာခဲ့ပါတယ်။ ပဲ့ထိန်းဒုံးတွေ တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘော USS Michigan ဟာ အခုတပတ်အတွင်း ကိုရီးယားကျွန်းဆွယ်ကို ရောက်ရှိလာမယ့် လေယာဉ်တင်သင်္ဘော Carl Vinsion နဲ့ ပူးပေါင်းဖို့ ရောက်ရှိလာတာလို့ ဆိုပါတယ်။ ဧပြီ ၂၅ မှာ မြောက်ကိုရီးယားနိုင်ငံကလည်း ၈၅ နှစ်မြောက်က မြောက်ကိုရီးယားထူထောင်ခြင်းအခမ်းအနားတွေ ကျင်းပခဲ့ပြီး အဲဒါအတွက် ကြီးမားကျယ်ပြန်တဲ့ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ကြတယ်လို့ တောင်ကိုရီးယားနိုင်ငံကပြောဆိုပါတယ်။

အခုလိုအချိန်ကာလမျိုးတွေမှာ မြောက်ကိုရီးယားနိုင်ငံက နျူးကလီးယားစမ်းသပ်မှုတွေ၊ တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုတွေ လုပ်လေ့ရှိပေမယ့်လည်း အခုနှစ်တော့ အဲလိုအစီအစဉ်တွေလုပ်ဖို့ ထူးထူးခြားခြား လှုပ်ရှားမှုတွေ မတွေ့ရဘူးလို့ တောာင်ကိုရီးယားနိုင်ငံက ပြောဆိုပါတယ်။ အဲဒါအတွက် စစ်ရေးပစ်ခတ်လေ့ကျင့်မှုကို အကြီးအကျယ် လုပ်ဆောင်ခဲ့ပြီး တောင်ကိုရီးယားစစ်တပ်ကလည်း အထူးအလေးထားစောင့်ကြည်နေတယ်လို့ပြောဆိုပါတယ်။ အမေရိကန် နျူးကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောဟာ တောင်ကိုရီးယားနိုင်ငံအရှေ့တောင်ပိုင်းက ဘူဆန်ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားပြီး Tomohawk ဒုံးကျည် ၁၅၄ စင်းနဲ့ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင် ၆၀ ကျော် ပါဝင်တယ်လို့ တောင်ကိုရီးယားသတင်းတွေက ဆိုပါတယ်။

Credit : http://burmese.dvb.no


26 Apr 2017     1,276 Views




RELATED

Most Popular of International News

Most Popular of NEWS