BEC-TERO TV

လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရတဲ့ တစ်နှစ်အရွယ် သမီးငယ် အရေးပေါ်ဆေးရုံတင်ထားရ

26 Apr 2017     1,276 Views


အသက် ၁၆ လသာ ရှိသေးတဲ့ မိန်းကလေးငယ်ဟာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံခဲ့ရတာကြောင့် အတွင်းပိုင်းအင်္ဂါ သွေးယိုထွက်ခဲ့တာကြောင့် ဆေးရုံသို့ တင်ပို့ခဲ့ရတဲ့ ဖြစ်ရပ်တစ်ခု တရုပ်နိုင်ငံ ဇီကျန်းဒေသမှာ ဖြစ်ပွားခဲ့ပါတယ်။
 
ဒီဖြစ်ရပ်အတွက် အသက် ၅၀ ကျော် တရုပ်အမျိုးသားကြီးတစ်ဦး ကျူးလွန်တယ်လို့ ကလေးရဲ့ မိခင်ဖြစ်သူက စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ ကလေးရဲ့ မိခင်ဟာ တစ်ခုခုတော့ ဆိုးဆိုးရွားရွားဖြစ်နေတယ်လို့ စိတ်ကထင်မိပြီး ကလေးအနှီး(ဒိုက်ပါ)ကို လဲဖို့ ချွတ်လိုက်တဲ့အခါမှာ သွေးတွေအများကြီး ဒိုက်ပါထဲမှာ စိမ့်ဝင်နေတဲ့အတွက် အရမ်းကို ထိတ်လန့်သွားခဲ့ပါတယ်။
 
 
အဲဒီနောက် ကလေးကို ဆေးရုံသို့ အမြန်ခေါ်သွားခဲ့ပါတယ်။ ဆရာဝန်တွေရဲ့ စစ်ဆေးချက်အရ ကလေးရဲ့ သားအိမ်နံရံ ဆုတ်ပြဲသွားခဲ့တဲ့အတွက် အမြန်ဆုံး ခွဲစိပ်ကုသမှုတွေ ပြုလုပ်ခဲ့ရပါတယ်။ ဆရာဝန်တွေက ဒါဟာ တစ်ယောက်ယောက်က လုပ်လိုက်တယ်ဆိုတာကို အတည်ပြုပြီး ရဲကိုတိုင်ဖို့ ပြောခဲ့ပါတယ်။
 
 
မိခင်ဖြစ်သူက ဘယ်လိုကြောင့် ဖြစ်ပျက်ခဲ့ရသလဲဆိုတာကို သိရဖို့ တစ်စိမ့်စိမ့်ပြန်စဉ်းစားကြည့်တဲ့အခါ၊ ဖြစ်ပျက်ခဲ့တဲ့နေ့က သူတို့အိမ်နားမှာ လမ်းဘေးကြက်ဥဆိုင်ဖွင့်ထားတဲ့ အသက် ၅၀ အရွယ် အမျိုးသားကြီးက သူတို့အိမ်ကို လာလည်သွားခဲ့တာကို သတိရသွားပါတယ်။
 
ဒီလူကြီးဟာ သူတို့နဲ့ အိမ်နီးနားချင်းဖြစ်လို့ အရင်ထဲက သိကျွမ်းခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ မကြာခဏဆိုသလို အိမ်ကိုအလည်လာပြီး သမီးလေးကို ချော့မြူဆော့ကစားတတ်ပါတယ်။ ဒါပေမယ့် အခင်းဖြစ်တဲ့နေ့က ထိုလူကြီးက ကလေးကို အပြင်ခေါ်ထုတ်သွားတာ မိနစ် ၄၀ လောက်ကြာခဲ့ပါတယ်။ အိမ်ပြန်ရောက်လာတဲ့အခါမှာတော့ ကလေးရဲ့ လက်ထဲမှာ သကြားလုံးလေးတွေ ပါလာပါတယ်။ ဒါပေမယ့် ကလေးရဲ့မျက်နှာဟာ ပုံမှန်မဟုတ်ပဲ တစ်ခုခုဖြစ်နေသလိုမျိုးဆိုတာကို သတိထားမိခဲ့ပါတယ်။ ကလေးအနှီး ဒိုက်ပါ စပြီးလဲတဲ့အချိန်မှာတော့ ကလေးက စူးစူးဝါးဝါး စပြီးငိုတာဖြစ်ပါတယ်။
 
 
ကလေးရဲ့မိခင်ဟာ ရဲစခန်းကို သတင်းပို့ပြီး မကြာမီ ထိုအမျိုးသားကို ရဲကဖမ်းဆီးနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဖြစ်ပျက်ပုံအသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
 

26 Apr 2017     1,276 Views




RELATED

Most Popular of International News

Most Popular of NEWS