ဘီကီနီနဲ့ ပုံတွေတင်ခဲ့တဲ့ မက်ဒေါနားရဲ့ သမီးကို အွန်လိုင်းပရိသတ်ဝိုင်းကဲ့ရဲ့
27 Apr 2017 2,064 Views

ကမ္ဘာကျော် ပေါ့ပ်အဆိုတော် မက်ဒေါနားရဲ့ သမီးငယ် Lourdes Leon ရဲ့ ကမ်းခြေမှာ ဘီကီနီနဲ့ ရိုက်ထားတဲ့ ပုံတွေ လူမှုကွန်ယက် အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပါတယ်။ ငယ်ရွယ်လှပပြီး ခန္ဓာကိုယ်အချိုးအစား ပြေပြစ်တဲ့ သူမရဲ့ပုံတွေဟာ ဘာမှဝေဖန်စရာမရှိခဲ့ပေမယ့် အမြင်စူးရှတဲ့ အွန်လိုင်းပရိသတ်တွေကတော့ ဝိုင်းဝန်းထိုးနှက် ဝေဖန်ခဲ့ကြပါတယ်။

မည်သူမဆို ချီးကျူးခံချင်လို့ ကိုယ့်ရဲ့ ပုံတွေကို လူမှုကွန်ယက်ပေါ်မှာတင်ခဲ့ပေမယ့် လူမှုကွန်ယက်ရဲ့ သဘောတရားအရ ဝိုင်းဝန်း ဝေဖန်ထိုးနှက် အနိုင်ကျင့်မှုတွေကိုလည်း ခံရတတ်ပါတယ်။ အဲဒီလို အနိုင်ကျင့်ခံရတဲ့ အထဲမှာ မက်ဒေါနားရဲ့ သမီးလေးလဲ ပါဝင်သွားပါတယ်။

အမြင်အာရုံစူးရှသူတွေက သူမရဲ့ ထူပြစ်နေတဲ့ ချိုင်းမွှေးတွေကို ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။ အချို့ပရိသတ်ကလည်း သူမဘက်က ကာကွယ်ကာ ချိုင်းမွှေးရှိတာ ပိုပြီးဆွဲဆောင်မှုရှိတာပေါ့လို့ တုံ့ပြန်ခဲ့ကြပါတယ်။

ပရိသတ်ကြီးရော အမျိုးသမီးတွေရဲ့ ချိုင်းမှာ မွှေးရှည်ရှည်လေးတွေ တွေ့ရတဲ့အခါ ဘယ်လို ခံစားရပါသလဲ..?





