BEC-TERO TV

ကွမ်းသီးများတွင် လူကိုသေစေနိုင်သည့် ဓာတုချွတ်ဆေးများ အသုံးပြုမှုတွေ့ရှိ

28 Apr 2017     1,622 Views


မြန်မာပြည်ဈေးကွက်အတွင်း ရောင်းချနေတဲ့ ကွမ်းသီးတွေမှာ လူကိုသေစေနိုင်တဲ့ ဓာတုချွတ်ဆေးတွေ အသုံးပြုထားတာ တွေ့ရတယ်လို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန ဒုညွှန်ကြားရေးမှူးက ပြောပါတယ်။ မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA) ရဲ့ စစ်ဆေးချက်အရ ဈေးကွက်အတွင်း ရောင်းချနေတဲ့ ကွမ်းသီးတွေမှာ လူကို သေစေနိုင်တဲ့အထိ ဖြစ်စေတဲ့ ဓာတုချွတ်ဆေးတွေ အသုံးပြုထားတာ တွေ့ရှိရတယ်လို့ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ထွန်းလင်းအောင်က ပြောပါတယ်။

“ကွမ်းသီးမှာက အနီရယ်၊ အဖြူရယ် ဆိုပြီး နှစ်မျိုးရှိတယ်။ အဲဒီတော့ နီတဲ့ဟာကို ဖြူအောင် ချွတ်ဆေးနဲ့ ချွတ်လိုက်တယ်။ အဲဒီချွတ်ဆေးက သုံးတာများသွားလို့ရင် လူကို သေစေနိုင်လောက်တဲ့အထိ အန္တရာယ်များတယ်။ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေတယ်။” ဒါ့အပြင် ဈေးကြီးတွေမှာတဲ့ ရောင်းချနေတဲ့ ငါးပိတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်မှာလည်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဓာတုဆိုးဆေးတွေ အသုံးပြုထားတာ တွေ့ရတယ်တဲ့အတွက် ဈေးကွက်အတွင်းက ပြန်သိမ်းဖို့ ညွှန်ကြားထားတယ်လို့ ပြောပါတယ်။

Credit : “burmese.dvb.no”


28 Apr 2017     1,622 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS