BEC-TERO TV

ရဲမေပါးကို ကိုင်ပြီး အချစ်ကလေးရယ် လုပ်ပေးဟု ပြောသူကို ပုဒ်မသုံးခု တပ် ဖမ်းဆီး

29 Apr 2017     2,104 Views


စစ်ကိုင်းမြို့မရဲစခန်းသို့ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာလာတောင်းသူ တစ်ဦးမှ တာဝန်ကျ ဒုရဲအုပ်ရဲမေ၏ပါးကိုင်၍ "ချစ်လေးရာ လုပ်ပေးလိုက်ပါ"ဟု ပြောသဖြင့် ပုဒ်မသုံးခုနှင့် ဖမ်းဆီးခံခဲ့ရကြောင်း မုံရွာရဲစခန်းမှ သတင်းရရှိသည်။
 
ဧပြီ ၂၇ ရက် နံနက်ပိုင်း ပိုးတန်းရပ်ကွက်နေ အသက် ၂၈ အရွယ်အမျိုးသားတစ်ဦးသည် စစ်ကိုင်းမြို့မရဲစခန်းသို့ ထောက်ခံစာ လာတောင်းစဉ် ရပ်ကွက်ထောက်ခံစာနှင့် မှတ်ပုံတင်မပါ၍ တာဝန်ကျ ရဲမေမှ လုပ်မပေးနိုင်ကြောင်း ပြောဆိုခဲ့သည်။
 
"ရဲမေပါးကို ကိုင်ပြီး အချစ်ကလေး လုပ်ပေးဟု အဲဒီကောင်က ပြောတာ။ အဲဒါနဲ့စခန်းမှူးကို တိုင်တော့ ဖာသယ်မတွေဆိုပြီး ဆဲဆိုလို့ အမှုဖွင့်ဖွင့်ပြီး ဖမ်းတာပါ။ ဆေးရုံဆေးစစ်ချက် ယူရာမှာလည်း အဲဒီလူက အရက်မူးနေတယ်လို့ သိရတယ်။ အရင်က ရဲပြေးနဲ့ ထောင်ကျပြီး ထွက်လာရတဲ့ သူလို့ သိရပါတယ်" ဟု စစ်ကိုင်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
ပြစ်မှုကျူးလွန်သော အမျိုးသားကို ရဲစခန်းမှ တာဝန်ကျ ဝန်ထမ်းအားနှောင့်ယှက်မှု၊ ညစ်ညမ်းစွာဆဲမှု၊ မိန်းမ အိနြေ္ဒပျက်စေမှု တို့ဖြင့်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
 
Credit: ဟိန်းလင်းသန့်

29 Apr 2017     2,104 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS