ဝန်ထမ်းနှင့် အလုပ်ရှင်များ သိထားသင့်တဲ့ နစ်နာကြေး ရပိုင်ခွင့်များ
01 May 2017 5,649 Views

	ယနေ့ မေလ (၁)ရက် အလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် အလုပ်ရှင်နှင့် ဝန်ထမ်းများအကြား အပြန်အလှန် သိရှိနားလည် လိုက်နာရမည့် လုပ်ငန်းခွင်ဆိုင်ရာ နစ်နာကြေး အခွင့်အရေး ရပိုင်ခွင့်များကို ဖော်ပြပေးလိုက်ပါတယ်။
	မြန်မာနိုင်ငံတွင် အလုပ်လုပ်နေကြသော ဝန်ထမ်းအများစုက မိမိ၏ ရပိုင်ခွင့်ကို အပြည့်အဝသိရှိသူ နည်းပါးလှသည်။ အဆိုပါအချက်ကို အခွင့်ကောင်းယူ၍ အလုပ်ရှင်အချို့က ကုမ္ပဏီတွင် ကိုယ်တိုင်ချမှတ်ထားသော ဥပဒေများ ရေးဆွဲကာ နိုင်ငံတော်က ချမှတ်ထားသော ဥပဒေများအတိုင်း အလုပ်သမားများအပေါ် ရပိုင်ခွင့် အပြည့်အဝမပေးတတ်ကြပေ။ ထို့ကြောင့် ဝန်ထမ်းများဘက်မှ နစ်နာမှုအချို့ ရှိနေခဲ့သည်။
	ကုမ္ပဏီပိုင်ရှင်များဘက်က နိုင်ငံတော်၏ အလုပ်သမား ဥပဒေကို အတိအကျလိုက်နာရန် လိုအပ်သကဲ့သို့ ဝန်ထမ်းများဘက်ကလည်း အရည်အချင်းပြည့်မိစွာဖြင့် ကြိုးကြိုးစားစား လုပ်ကိုင်ဆောင်ရွက်ရမည့် ဝတ္တရား ကျေပွန်ရန်လည်း လိုအပ်လှသည်။
	အလုပ်ထွက်ရသည် ဆိုရာ၌ အကြောင်းအရင်း နှစ်ချက်ရှိပြီး ရပိုင်ခွင့်များလည်း မတူညီကြပေ။
	၁။ အလုပ်မှ ထုတ်ပယ်ခြင်း (Dismissal)
	ကြီးလေးသော ပြစ်မှုတစ်ခုခုကို ကျူးလွန်တဲ့အခါ အရေးယူခံရတာမျိုးဖြစ်သည်။ ထိုကဲ့သို့သော ကိစ္စမျိုးတွင် အပြစ်ကြီးမားတဲ့အတွက် မိမိ၏ လုပ်ခလက်ကျန်ငွေမှလွဲ၍ မည့်သည့် ခံစားခွင့်မျှ ရရှိမည်မဟုတ်ပါ။
	၂။ အလုပ်မှရပ်စဲခြင်း(သို့)နှုတ်ထွက်ခြင်း (Termination)
	မိမိကိုယ်တိုင် အလုပ်မှ နှဒတ်ထွက်သည်ဖြစ်စေ၊ အလုပ်ရှင်ဘက်မှ မိမိ၏ အရည်အချင်းကို သဘောမကျ၍ဖြစ်စေ အလုပ်ရပ်စဲခြင်းမျိုးဖြစ်သည်။ ထိုအခါ အောက်ပါအတိုင်း ခံစားခွင့်များ ရရှိနိုင်မည်။
	(က) လုပ်ခလက်ကျန်ငွေများ
	(ခ) လက်ကျန်လုပ်သက်ခွင့် (အမြဲတမ်းဝန်ထမ်းများ)
	(ဂ) အလုပ်ထုတ်/ထွက် နစ်နာကြေး (တစ်လကြိုမပြောပါက)
	စသည်တို့ကို ရုံးဖွင့်ရက် (၂)ရက်အတွင်း ပေးရမည်ဟု နစ်နာကြေး(အမိန့်ကြောငြာစာအမှတ် ၈၄/၂၀၁၅) တွင် ပြဋ္ဌါန်းထားသည်။
.jpg)
.jpg)
	========================================
	The X Factor Myanmar Season 3 ပြိုင်ပွဲကြီး ပရိသတ်များရဲ့အားပေးမှုနဲ့အတူ ပြန်လည်ရောက်ရှိလို့လာပါပြီ။
	Season 3 မှာ အကဲဖြတ်ဒိုင်တွေအဖြစ် (ဂရေဟမ်၊ L ဆိုင်းဇီ၊ ဇမ်နူး၊ ဇဝါ) တို့က တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။
	လာမယ့် စက်တင်ဘာ ၁၅ (စနေနေ့)ည ၉ နာရီမှစပြီး MRTV-4 ချန်နယ်လ်က အပတ်စဉ်ထုတ်လွှင့်ပြသတော့မှာ ဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး...
	 
	>> https://www.facebook.com/xfactormyanmar/ <<
	 


		





