BEC-TERO TV

လူမှုကွန်ရက်မှာလူပြောများနေတဲ့ Eclipse Bar က တုံ့ပြန်မှု

02 May 2017     1,275 Views


၂၀၁၇ ဧပြီ ၂၉ရက်နေ့က Eclipse Bar တွင် ည၉း၀၀ ခန့်အချိန်ကဖြစ်ခဲ့တဲ့ဖြစ်စဉ်က လူမှုကွန်ရက်မှာတစ်ဆင့်ပြန်လည်မျှဝေသူများနဲ့အတူလူပြောများနေပါတယ်။အဆိုပါဖြစ်စဉ်မှာ

“ နိုင်ငံခြားသားVietnem ပိုင်ရှင် နှင့် မြန်မာလူမျိုး GMတင်ကိုကို တိုရဲ့ တုန့်ပြန်မှုကတော့ အံ့သြစရာပါပဲ!!! ပြသနာဖြစ်တာကို Vinetem ပိုင်ရှင် ကမြင်တယ် ဒါ့ကြောင့်သူဌေးကို ရှင်းခိုင်းတော့
ဘာမှ မမြင်လိုက်ရတဲ့ မြန်မာလူမျိုး GMကို သူဌေးက အတင်းထိုးပြီး ရဲစခန်းအထိ လိုက်ရှင်းခိုင်းတယ်” လို့ အခင်းဖြစ်ရာမှာရှိခဲ့တဲ့ Chaung Kyaw အကောင့်ပိုင်ရှင်က ဆိုပါတယ်။

 

ဖြစ်ပုံက ည 9:00 လောက်အချိန်တွင် Chaung Kyaw အပါအ၀င် ဆရာဝန်သူငယ်ချင်းတွေနဲ့အတူ Eclipse Bar ကိုရောက်ခဲ့ကြောင်း၊ထို့နောက်Eclipse Bar မှ နေရာချပေးတဲ့ နေရာမှာထိုင်ခဲ့ကြောင်း၊
ထိုင်ပြီးခဏအကြာတွင်Eclipse Bar တာဝန်ရှိသူတို့ က “ အကအဖွဲ့ လာကမယ်
နောက်ဆယ်မိနစ်ကြာရင်နေရာလေးရွေ့ ပေးပါလို့လာပြောတယ်”  ပြောပြီးချက်ချင်းပဲ
security အောင်ကျော်တင့်က "ဟေ့ရောင် အခုတစ်ခါတည်းရွေ့ မယ်" ဆိုပြီး ခုံတွေလာရွှေ့ခဲ့ကြောင်းသိရှိရပါတယ်။

အဆိုပါခုံရွှေ့မှုနဲ့စပ်လျှဉ်းကာ “ ဟုတ်ကဲ့” ဆိုပြီး လုပ်ပေးခဲ့ပါတယ်လို့Chaung Kyaw ကဆိုပါတယ်။

ခုံများရွှေ့ပြီးခဏအကြာတွင်
နောက်တစ်ခေါက်လာတယ် အဆင်မပြေဘူးဆိုပြီးထပ်ရွှေ့ခိုင်းလို့ ကျွန်တော်တို့ ရွှေ့ပေးခဲ့ပါတယ်

ရွှေ့ပေးပြီးချိန်မှာ Chaung Kyawက “ အကဖွဲ့လာမယ်ဆို စောစောစီးစီး ကြိုပြင်ဆင်ထားလေ ဘာလို့အခုမှလုပ်ရတာလဲ " လို့ပြောပြီး ဖန်ခွက်ကိုချလိုက်တာ မထင်မှတ်ပဲ အောက်မှာ ကြွေပန်းကန် ရှိနေတော့ အသံမြည်သွားခဲ့ပါတယ်။

ဒါကို securityကိုအောင်ကျော်တင့်က ဒေါသထွက်ပြီး
"မင်းဘာဖြစ်ချင်တာလဲကွ လူပါးလာမဝနဲ့" ပြောပြီး Chaung Kyaw လည်ပင်းကိုလက်နှစ်ဖက်နဲ့ညှစ်ပြီး နောက်ကိုတွန်းချလိုက်တဲ့အခါ Chaung Kyaw ရုပ်ပျက်ဆင်းပျက် ပက်လက်ကျပြီး ခေါင်းနှင့် ကြမ်းပြင်ထိခဲ့ပါတယ်
တော်တော်မူးပြီးနာသွားတယ်ဗျာ လို့ဆိုခဲ့ပါတယ်။
ထို့နောက်သူငယ်ချင်းတွေက manager ခေါ်ခိုင်းတော့
“ဘေးဝိုင်းမှာထိုင်နေတဲ့ နိုင်ငံခြားသားတစ်ယောက်က ပိုင်ရှင်ဆိုပြီး ရောက်လာတော့တာပါပဲ
(သူဘာမှမသိ မမြင်လိုက်တဲ့ ပုံစံလေးနဲ့လေ)
ဆိုင်အပြင်ရောက်တော့ ပိုင်ရှင် ကိုပြောတယ်
ဒါတောင် ကျွန်တော်တို့အပြစ်ကျူးလွန်တဲ့ ပုံစံမျိုး လာမေးတယ်
ပြသနာဖြစ်တာကိုဘာမှ မမြင်တဲ့ မြန်မာလူမျိုးGM ကို သူမနိုင်တာနဲ့ သွားခေါ်တယ်
GM တင်ကိုကိုက "ဘယ်သူမှားလဲ မှန်လဲ ဆိုတာ ဆုံးဖြတ် ပေးမယ်" တဲ့ !!!!
Customer ပြောစကား မယုံတာ အံ့သြပါတယ်
လူပုံအလယ်မှာဖြစ်သွားတာပါ
အပြစ်လုပ်တဲ့ securityကိုလဲဝှက်ထားကျတယ်
ဒါနဲ့ ကံကောင်းချင်တော့ receptionist Sunshine ကရောက်လာပြီး "သမီးမြင်တယ်" လို့ သက်သေထွက်တယ်
အဲဒါကို အရေးမလုပ်ဂရုမစိုက်ဘူး
'' CCTV ကြည့်မယ် တခြားသူတွေမေးမယ်ဆိုပြီး '' ဉာဏ်ကြီးရှင် GM တင်ကိုကိုက ပျောက်, ပိုင်ရှင်လည်း လဲပျောက်သွားတယ်
ဘာမှ တောင်းပန်စကားမပြောဘူး
GM ပြန်လာတော့ "ဘယ်လိုတာဝန်ယူမှာလဲ မေးတော့" အခုစုံစမ်းနေတယ်တဲ့ '',
''ကျွန်တော်ခံရတာကို မယုံတာလား? ''
ဘာပြောရမှန်းတောင် မသိတော့ဘူး

ဒါဆိုလုပ်တဲ့ security ကိုခေါ်မေးလို့ရတယ်ပြောတော့
"ဒီလိုလုပ်လို့မရဘူးတဲ့ ကျွန်တော်တို့စုံစမ်းနေတယ်တဲ့"
(ဘာသဲလွန်စတွေ ရှာနေလဲ မသိဘူးတော်တော်ကြီး ခက်ခဲတဲ့ကွင်းစက် အမှုလေ )
မှားနေတာကို သိသာနေတာကိုလဲ မတောင်းပန်ပဲ အချိန်ဆွဲ
ဒါနဲ့ 1 နာရီလောက်လဲ ကြာပေမယ့်ဘာမှreply မလာဘဲ စောင့်ထားခိုင်းလို့
ရဲခေါ်မယ်ပြောတော့GMက "ရတယ်ခေါ်လေ
သဘော , လုပ်ပါ .... ကျွန်တော်ခေါ်ပေးရမလား" တဲ့ (အသဲတွေယားလိုက်တာဗျာ)
''ရဲလာတော့
''မှာထားတဲ့ ဟာတော့ ရှင်းပေးပါလို့ လာပြောတယ်
ကျွန်တော်သူငယ်ချင်းတွေ ရှင်းပေးလိုက်ပါတယ်
ရဲတွေကို GMတင်ကိုကိုက သူ့ရုံးခန်းမှာ ပြောမယ် အတင်းလုပ်တယ်
ကျွန်တော်က စခန်းရောက်မှာပဲ အေးဆေးဆွေးနွေးမယ်ပြောပြီး အတင်းခေါ်ခဲ့ရတယ်
အောက်မှာ GMတင်ကိုကိုနဲ့ အဖွဲ့ကို မိနစ် 30 လောက် စောင့်လိုက်ရတယ်

ဒီမှာရှက်လွန်းလို့ပါဗျ
ရဲစခန်းဆိုတာပထမဆုံးအကြိမ်ပါ
ကျွန်တော်သက်သက်မဲ့လူမြင်ကွင်းမှာအခုလိုကိုယ်ထိလက်ရောက်စော်ကားတယ်
အရမ်းရှက်တယ် ” လို့ ကာယကံရှင်ဖြစ်သူ Chaung Kyaw အကောင့်ပိုင်ရှင်ကဆိုထားပါတယ်။


အခင်းဖြစ်ပျက်ခဲ့မှုနှင့်စပ်လျှဉ်းကာ Chaung Kyaw အကောင့်ပိုင်ရှင်က Eclipse pageနှင့်သတင်းစာမှာတောင်းပန်ပေးရင် ရပါပြီလို့ တာင်းဆိုခဲ့ပေမယ့်

GMတင်ကိုကပြတ်ပြတ်သားသားပါပဲ
'' Eclipse အမည်ဂုဏ်သတင်းထိမှာစိုးတဲ့ အတွက် လုံးဝ မကြော်ငြာပေးနိုင်ဘူး''လို့ပြောကြားခဲ့ကြောင်းနဲ့ အဆိုပါပြောဆိုမှုအတွက် Chaung Kyawအကောင့်ပိုင်ရှင်က အမှုဖွင့်အရေးယူပြီးသက်ဆိုင်ရာလုပ်ထုံးလုပ်နည်းအတိုင်းဆက်လက်ဆောင်ရွက်သွားမယ်လို့ဆုံးဖြတ်ထားကြောင်းဆိုပါတယ်။

အဆိုပါဖြစ်စဉ်မှာ (၂၉.၄.၂၀၁၇) တွင်ဖြစ်ပျက်ခဲ့သော်လည်း (၂.၅.၂၀၁၇)တွင် Eclipse Bar မှ Chaung Kyaw အကောင့်ပိုင်ရှင်ကို Page မှ တစ်ဆင့်ပြန်လည်တောင်းပန်ခဲ့ပါတယ်။

 

 


02 May 2017     1,275 Views




RELATED

Most Popular of Special or Others

Most Popular of NEWS