BEC-TERO TV

အော်စကာဆုရရှိခဲ့တဲ့ အန်နီမေးရှင်းဇာတ်ကားများ

03 May 2017     1,466 Views


အော်စကာအရှိန်အ၀ါက ရူးလောက်အောင် မြင့်မားပါတယ်။
အော်စကာရတဲ့ဇာတ်ကားဆိုတာ တစ်စုံတစ်ခုကိုရည်ညွှန်းအသိအမှတ်ပြုတာပါ။
လက်ရှိရုပ်ရှင်လောကမှာ အော်စကာတန်းဝင်ဖြစ်ဖို့ကြိုးစားရတာ ခက်ခဲလွန်းလှပါတယ်။
အော်စကာဆုပေးအပ်ပုံကလည်း ပွင့်လင်းငြိမ်သာလှပါတယ်။
(နောက်မှ အော်စကာဆုပေးအပ်ပုံ အကြောင်းရေးပါမယ်။)
ခက်ခဲလွန်းတဲ့အော်စကာဆုရ ဇာတ်ကားတိုင်းကို ကျွန်တော်မကြိုက်ပါဘူး။
ဟင်းကောင်းပေမယ့် ခံတွင်းမတွေ့ရင်မကြိုက်သလိုမျိုးပါ။
နောက်တစ်ချက်က ကျွန်တော်ဥာဏ်မမှီလို့ပါ။

တစ်ချက်တော့ရှိပါတယ်…
အော်စကာဆုရ ကာတွန်းအန်နီမေးရှင်းဇာတ်ကားတိုင်းကိုတော့
မလွဲမသွေကြည့်သလို လုံးဝနှစ်သက်စွဲလန်းရပါတယ်။
၂၀၀၁ ခုနှစ်ကအစပြုပြီးတော့ အကောင်းဆုံးအန်နီမေးရှင်းဇာတ်ကားကိုစတင်ပေးအပ်ခဲ့တာပါ။
အဲ့မတိုင်ခင်က Beauty and the Beast (1991) ဇာတ်ကားက တစ်နှစ်တာအကောင်းဆုံဇာတ်ကားဆုအတွက် ပထမဆုံးအန်နီမေးရှင်းဇာတ်ကားအနေနဲ့ တစ်ကြိုစာရင်းသွင်းခြင်းခံရဖူးပါတယ်။

၂၀၀၁ ခုနှစ်ကနေ ၂၀၁၆ခုနှစ်အထိ အော်စကာ ရရှိခဲ့တဲ့ အန်နီမေးရှင်းဇာတ်ကားတွေကတော့
2001 Shrek
2002 Spirited Away
2003 Finding Nemo
2004 The Incredibles
2005 Wallace & Gromit: The Curse of the Were-Rabbit
2006 Happy Feet
2007 Ratatouille
2008 WALL-E
2009 Up
2010 Toy Story 3
2011 Rango
2012 Brave
2013 Frozen
2014 Big Hero 6
2015 Inside Out
2016 Zootopia တို့ပဲဖြစ်ပါတယ်။

 

============================================

ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ထူးထူးခြားခြား အစွမ်းတွေကို ယှဉ်ပြိုင်ပြသမယ့် MYANMAR's GOT TALENT 2017 အစီအစဉ်ကို လာမယ့် မေလ(၇)ရက် (တနင်္ဂနွေနေ့)မှာ MRTV-4 ရုပ်သံလိုင်းမှ စတင်ထုတ်လွှင့်တော့မည်ဖြစ်လို့ စောင့်မျှော်ကြည့်ရှူ့နိုင်ပါပြီ..။


03 May 2017     1,466 Views




RELATED

Most Popular of Movies

Most Popular of Entertainment