BEC-TERO TV

အမျိုးသမီးတို့အတွက် ရာသီမလာအောင် ခေတ္တနှိမ်နည်း

03 May 2017     3,729 Views


ဒီနည်းလမ်းလေးကိုတော့ ရာသီ မမှန်တာတို့၊ ရာသီလာချိန် မခံမရပ်နိုင်ဖြစ်တာတို့ကို သက်သာအောင်လုပ်တဲ့ နေရာမှာသုံးပါတယ်။ ခရီးသွားချိန် ၊ အလုပ်တွေများနေတဲ့အချိန် ရာသီလာတဲ့အခါ ခံစားရမယ့် ဒုက္ခတွေ အလုပ်ရှုပ်တာတွေကို ရှောင်ရှားနိုင်ဖို့ ရာသီတားဆီးတာမျိုး လုပ်လို့ရပါတယ်။ 
 
အထူးသဖြင့် အားကစားမယ်တွေ၊ စစ်မှုထမ်းအမျိုးသမီးတွေနဲ့ စိတ်မမှန်တဲ့ အမျိုးသမီးတွေအတွက်လည်း လိုအပ်ချက်အရ တခါတရံ ရာသီနှိမ်တာက ပိုမိုအဆင်ပြေစေပါတယ်။ ဒီနည်းကိုတော့ အမေရိကမှာ နှစ်နဲ့ချီပြီး သုံးနေတာကြာပါပြီ။
 
နည်းလမ်းကတော့ အလွယ်ဆုံး နည်းလမ်းတစ်ခုကိုပဲ ဖော်ပြချင်ပါတယ်။
 
Combined Oral Contraceptive (COC) လို့ခေါ်တဲ့ နှစ်မျိုးတွဲ တားဆေးကို အစပိုင်း ၂၁ ရက်သောက်ရတဲ့ဆေးကုန်တာနဲ့ ကျန်တဲ့အရောင်ရင့်ဆေးပြား (၇) ပြားကို မသောက်ဘဲ၊ နောက်ဆေးကတ်အသစ်ကို ဆက်သောက်ရမှာပါ။ ၂၁ လုံးစီ သုံးကတ် ၆၃ ပြား ဆက်တိုက်သောက်ခိုင်းတာ ဖြစ်ပြီး နောက် ၇ ရက်အတွင်းမှာ ရာသီပြန်လာမှာ ဖြစ်ပါတယ်။

ဒီလို ရာသီနှိမ်တဲ့အတွက် ရာသီလာချိန်မှာ အမျိုးသမီးတွေခံစားရတဲ့ နာကျင်မှုတွေ သက်သာစေမယ်။ သွေးဆင်းများတာ သက်သာမယ်။ သွေးမဆုံးခင် ခံစားရတာတွေ သက်သာမယ်။ ရာသီကြောင့် ခေါင်းမူးခေါင်းကိုက် ခံစားရတာ၊ ဝက်ခြံပေါက်တာတွေ သက်သာစေမယ်။ ရင်သားတင်းတာ နာတာ တွေလဲ သက်သာစေပါတယ်။
 
ဒါပေမယ့် ဒီလို ရာသီနှိမ်ချိန်မှာ မထင်မှတ်ဘဲ သွေးဆင်းတာ ကြုံရနိုင်ပါတယ်။ အများကြီးတော့မဟုတ်ပေမယ့် ဆေးသောက်တဲ့ အစောပိုင်းကာလမှာ ဖြစ်နိုင်ပါတယ်။ ဗိုက်အလွန်နာရင်၊ ရင်ဘတ်နာရင် ၊ သွေးဆင်းများရင် ၊ မျက်စိကြည့်မကောင်းဖြစ်လာရင် ၊ ခြေထောက်ထဲမှာ နာလာရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ရမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ရှိမယ်ဆိုရင်လဲ ကိုယ်ဝန်ဟုတ်၊ မဟုတ် အလွယ်တကူမသိနိုင်ပါဘူး။
 
ကဲ အရေးကြီးကိစ္စရှိလို့ ရာသီနှိမ်ချင်တဲ့ အမျိုးသမီးတို့အတွက် နည်းကောင်းလေးပါနော်… ဘေးထွက်ဆိုးကျိုးလေးတွေနဲ့ ဖြစ်နိုင်တဲ့ အန္တရာယ်လေးတွေပါ ရေးပြထားတော့ ဆင်ခြင်အသုံးပြုနိုင်ပါတယ်နော်…
 
( ကျန်းမာရေးနဲ့ ပတ်သတ်ရင် ဘယ်နည်းလမ်းမဆို ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး အသုံးပြုတာက အကောင်းဆုံးပါပဲ…)

03 May 2017     3,729 Views




RELATED

Most Popular of Health Fix

Most Popular of Life Style