တိမ်းစောင်းသွားတဲ့ တံတားပေါ်က ပြုတ်မကျအောင် တွဲခိုနေခဲ့ရတဲ့ ခရီးသွားများ
03 May 2017 1,521 Views

မေဒေးပိတ်ရက်မှာ တရုတ်ပြည် Jiangxi မှာရှိတဲ့ လှုပ်ရမ်းနေတဲ့ ကြိုးတံတားကို အပျော်ခရီးထွက်ခဲ့ကြသူ တွေကတော့ အချိန်အကြာကြီး အမှတ်တရ ဖြစ်သွားမှာ အသေချာပါပဲ။
ခရီးသွားတွေတံတားကို ဖြတ်သန်းသွားနေတဲ့အချိန်မှာပဲ တံတားဟာ တစ်ခြမ်းစောင်းသွားခဲ့ပြီး ခရီးသွားတွေဟာ တံတားမှာ တွဲလဲခိုနေခဲ့ရပါတယ်။ တံတားဟာ ဇောက်ထိုးမဖြစ်ရုံတစ်မယ် ယိမ်းထိုးသွားခဲ့ပြီး ခရီးသွား အယောက် ၂၀ ကျော် လောက်ဟာ တစ်ဖက်တည်းမှာပဲ တွဲခိုထားခဲ့ကြရတာပါ။
တရုတ်ပြည်တွင်း မီဒီယာတွေကတော့ ဒီလို တံတားတိမ်းစောင်းသွားရတာဟာ များပြားတဲ့ လူအုပ်ကြီးကြောင့်ဖြစ်တယ်လို့ ဆိုကြပြီး အချို့ကလဲ တစ်စုံတစ်ယောက်က တံတားကို ယိမ်းထိုးအောင် လုပ်ဆောင်ခဲ့တာကြောင့်လို့ သံသယရှိနေကြပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး စုံစမ်းစစ်ဆေးမှုတွေကတော့ ပြုလုပ်နေဆဲဖြစ်ပါတယ်။
======================================
MYANMAR's GOT TALENT 2017 ပါရမီရှင်ရွေးပွဲကြီး ပြန်လာပါပြီ
ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ထူးထူးခြားခြား အစွမ်းတွေကို ယှဉ်ပြိုင်ပြသမယ့် MYANMAR's GOT TALENT 2017 အစီအစဉ်ကို လာမယ့် မေလ(၇)ရက် (တနင်္ဂနွေနေ့)မှာ MRTV-4 ရုပ်သံလိုင်းမှ စတင်ထုတ်လွှင့်တော့မည်ဖြစ်လို့ စောင့်မျှော်ကြည့်ရှူ့နိုင်ပါပြီ..။