BEC-TERO TV

အလွယ်တကူဖျက်လို့ ရတဲ့ မိတ်ကပ်ဖျက်ဆေးများ

03 May 2017     1,362 Views


ယနေ့ခေတ်မှာ မိန်းကလေးတိုင်းလိုလို အလှအပကို မြတ်နိုးလာကြပြီး တော်တော်များများလဲ အလှအပ ကိုဦးစားပေး ပြင်ဆင်လာကြပါတယ်။ နေ့တိုင်းလိမ်းနေတဲ့ မိတ်ကပ်တွေက သေချာ မဖျက်ဖြစ်ရင် ကြာလာရင် မျက်နှာကို အန္တာရယ်ဖြစ်စေနိုင်ပါတယ် ။ ဒါ့ကြောင့် အိမ်မှာ မိတ်ကပ်ဖျက်ဆေးကုန်နေတာပဲ ဖြစ်ဖြစ် တခုခု အဆင်မပြေတာပဲ ဖြစ်ဖြစ် အလွယ်တကူ သီးသန့်မိတ်ကပ်ဖျက်ဆေး မဟုတ်ပဲ မိတ်ကပ်ဖျက်လို့ ရတဲ့ ပစ္စည်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁-အုန်းဆီ အုန်းဆီက အသားအရေကိုချောမွေ့စေတဲ့အပြင် အဆီဖြစ်လို့ မိတ်ကပ်တွေကို အလွယ်တကူပြောင်စင်စေနိုင်ပါတယ်။အုန်းဆီကို ဂွမ်းစလေးနဲ့ဖြစ်ဖြစ် တစ်သျှူးနဲ့ဖြစ်ဖြစ် ဆွတ်ပြီး မျက်နှာကို အသာအယာပွတ်ယူပေးလိုက်ပါ မိတ်ကပ်တွေအကုန်ပြောင်သွားပါလိမ့်မယ်။

၂-သံလွင်ဆီ အုန်းဆီနဲ့အလားတူပါပဲ သံလွင်ဆီက မိတ်ကပ်တွေကို အမြန်စုပ်ယူနိုင်သလို မျက်နှာအသားအရေကို နူးညံ့သွားစေပါတယ်။ပိုပြီးနူးညံ့တဲ့အသားအရေကို ရချင်ရင်တော့ မိတ်ကပ်တွေပြောင်သွားရင် အပေါ်ကသံလွင်ဆီလေး ပါးပါးထပ်လိမ်းပေးပါ။

၃-Sunscreen ဒီအချက်ကတော့ သင်လည်း သတိထားမိမယ့်အချက်ဖြစ်ချင်မှဖြစ်မှာပါ။ဒါပေမယ့်အရေးပေါ် မိတ်ကပ်ဖျက်ဆေးမရှိတဲ့အခါ Sunscreen ကို ပမာဏခပ်များများလေးယူပြီး မျက်နှာအနှံ့ပွတ်လိမ်းပြီးTower လေးနဲ့ ခပ်ဖွဖွလေး သုတ်လိုက်ပါ။မိတ်ကပ်တွေ အလွယ်တကူပျက်သွားတာတွေ့ရမှာ ဖြစ်ပါတယ်။

၎- Toner တိုနာမှာလည်း မိတ်ကပ်တွေကို ပျက်နိုင်တဲ့အစွမ်းရှိပါတယ် ဒါပေမယ့် Tonerနဲ့ ဖျက်တဲ့အခါ မျက်လုံးမှိတ်ထားပြီး မျက်လုံးနားတစ်ဝိုက်ကို ခပ်ဖွဖွလေးသုတ်ပေးဖို့ လိုအပ်ပါတယ် အထူးသဖြင့် Tonerသုံးတဲ့အခါ မျက်လုံးနားကို မသုံးတာအကောင်းဆုံးပါ။

၅-Natural Baby Shampoo ဒီနည်းကတော့ Women’s Health Magazine မှာအကြံပေးထားတဲ့ နည်းလမ်းပါ။သဘာဝ baby shampoo ကိုရေနည်းနည်းနဲ့ ဆပ်ပြာမြှုပ်တွေ ထလာတဲ့အထိ ရောပြီး မျက်နှာကိုပွတ်လိမ်းပါ။ပြီးတဲ့အခါ ရေနဲ့ဆေးချလိုက်ပါ။မိတ်ကပ်တွေ အကုန်ပြောင်စင်သွားပါလိမ့်မယ်။

၆-Rose Water နှင်းဆီပန်းကနေ ထုတ်ထားတဲ့ Rose Water ကို ရေချိုးတဲ့အခါပဲဖြစ်ဖြစ်၊ညအိပ်ရာဝင်ခါနီး အသားအရေ ထိန်းသိမ်းဖို့ လိမ်းတာပဲဖြစ်ဖြစ် သုံးလို့ရတဲ့အပြင် မိတ်ကပ်တွေဖျက်ချင်တဲ့အခါ မျက်နှာပေါ်ကို စိုစွတ်အောင်ဖြန်းပြီးCotton Pad နဲ့ ခပ်ဖွဖွသုတ်ပြီး ဖျက်လို့ရပါတယ်။

ဒီနည်းလေးတွေ သုံးပြီး ပျိုမေလေးတွေရဲ့ မျက်နှာလေးတွေ ဒီထက်ပို လှနိုင်ကြပါပြီ။

MYANMAR's GOT TALENT 2017 ပါရမီရှင်ရွေးပွဲကြီး ပြန်လာပါပြီ

ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ထူးထူးခြားခြား အစွမ်းတွေကို ယှဉ်ပြိုင်ပြသမယ့် MYANMAR's GOT TALENT 2017 အစီအစဉ်ကို လာမယ့် မေလ(၇)ရက် (တနင်္ဂနွေနေ့)မှာ MRTV-4 ရုပ်သံလိုင်းမှ စတင်ထုတ်လွှင့်တော့မည်ဖြစ်လို့ စောင့်မျှော်ကြည့်ရှူ့နိုင်ပါပြီ..။


03 May 2017     1,362 Views




RELATED

Most Popular of Special or Others

Most Popular of Life Style