BEC-TERO TV

The Mummy ဇာတ်ကားအကြိုရင်ခုန်ခြင်း (လှဧကရီမင်းသမီးကျိန်စာ)

03 May 2017     1,453 Views


၂၁ရာစုမှာ သိသိသာသာပြောင်းလဲသွားတာကတော့ ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ပြန်လည်ဆန်းသစ်ရိုက်ကူးလားခြင်းနဲ့အတူ ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေကို ပြန်လည်အသုံးချလာတာတွေ့ရပါတယ်။ အစဉ်အဆက်ကောင်းပေ့ဇာတ်ကားတွေကို ဆန်းသစ်ရိုက်ကူးရာမှာ ယခင်ဇာတ်ကားလောက် ကောင်းတယ်ဆိုတာ မရှိတာတော့မဟုတ်ဘူး..အတော်လေးရှားလှပါတယ်။ ဒီနှစ်ထွက်ရှိမယ့် The Mummy (2017) ဇာတ်ကားကရော..ဘယ်အတိုင်းအတာအထိ ပရိသတ်ကို လွှမ်းမိုးနိုင်မယ်ဆိုတာကတော့ စောင့်ကြည့်ရမှာပါ။ ဆိုတော့က The Mummy (2017) ဇာတ်ကားလေးကို အနည်းငယ်လေ့လာကြည့်ရအောင်..

ပထမဆုံးတွေ့ရှိတာကတော့ မင်းသားကြီး Tom Cruise ပါဝင်သရုပ်ဆောင်ထားတာပါ။ Tom Cruise အသက်က လက်ရှိမှာ ၅၅နှစ်ပါ။ မိန်းမ (၃)ယောက်ယူခဲ့ပြီး ကလေး(၃)ယောက်ဖခင် Tom Cruise

ကလက်ရှိ ရုပ်ရှင်လောကမှာတော့ အကြမ်းပတမ်းဇာတ်ကားတွေရိုက်ကူးနေဆဲပါ။

The Mummy (2017) ဇာတ်ကားမှာတော့ Tom Cruise က nick အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။

နောက်ထပ်အရေးကြီးတဲ့ ဇာတ်ကောင်ကတော့ The Mummy  တစ်ဖြစ်လဲ Princess Ahmanet

ပါ။ပါဝင်သရုပ်ဆောင်သူက အကပညာရှင်၊မော်ဒယ်နဲ့ သရုပ်ဆောင် Sofia Boutella ပါ။လက်ရှိ Sofia Boutella အသက်က ၃၅နှစ်ဝန်းကျင်ပါ။နောက်ထပ်လူမသိသေးတဲ့ပါဝင်သူကတော့ အော်စကာဆုရ မင်းသားကြီး Russell Crowe ပါ။

 

၁၉၉၉ တုန်းက The Mummy ၊ ၂၀၀၁ တုန်းက The Mummy Returns ၊ ၂၀၀၈မှာတော့ The Mummy: Tomb of the Dragon Emperor ဆိုပြီး ရုပ်ရှင်ဇာတ်လမ်းအသီးသီးထွက်ခဲ့သလို ဇာတ်ကားတိုင်းက အတိုင်းအတာတစ်ခုအထိ အောင်မြင်ပါတယ်။

အခု ထပ်မံထွက်ရှိမယ့် The Mummy (2017) ဇာတ်ကားကတော့ ပြန်လည်းဆန်းသစ်မွေးဖွားခြင်းပါပဲ..

 

ဇာတ်ကားအကျဉ်းကတော့..လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကျော်က Ahmanet အမည်မှတ်ထွင်တဲ့ ငယ်ရွယ်နုပျိုတဲ့ မင်းသမီးလေးတစ်ပါးရှိသတဲ့ ..သူ့ဖခင်ကတော့ အီဂျစ်ပြည်ကိုအစိုးရသူပေါ့။ မင်းသမီးAhmanet က အရင်အရင့်ကနဲ့မတူညီတဲ့ စည်းမျဉ်းဥပဒေသစ်ကို ဖန်တီးဖို့စိတ်အားထက်သန်ကြိုးသားနေပေမယ့် အဆိုပါ စည်းမျဉ်းဥပေဒေသစ်ကိုတော့ သူ့ဖခင်က မနှစ်မြိုက်ပါဘူး။ နောက်ဆုံးမှာတော့ မင်းသမီးAhmanet ကိုယ်တိုင်မလုပ်သင့်မလုပ်ထိုက်တဲ့ အစီအရင်နဲ့အတူ သူ့ဖခင်ကို သတ်၊ရာဇပလ္လင်ကို ဆေးကြောနိုင်ခဲ့ပေမယ့် ကံဆိုးမှုကတော့ သူ့အစီအစဉ်၊သူ့စီမံကိန်းထဲမှာပဲ အရှင်လတ်လတ်မီးလောင်ကျွမ်းကာနောက်ဆုံးအချိန်မှာတော့ အီဂျစ် သဲကန္တရအောက်မှာ သဲတွေနဲ့အတူ နှစ်မြုပ်သွားလေရဲ့…အချိန်ကာလရွှေ့ပြောင်းမှုနဲ့အတူ ယနေအချိန်အခါမှာတော့ အမေရိကန်စစ်တပ် တူးဖော်မှုနဲ့အတူ မင်းသမီးAhmanet လဲလျှောရာ ဂူကို ပြန်လည်တွေ့ရှိ တူးဖော်မိတဲ့အချိန်မှာပဲ ကံဆိုးမှုတွေကျရောက်လာပါတယ်…

ကံဆိုးမှုတွေထဲက ကျိန်စာဆိုးတွေနဲ့အတူ မင်းသမီးAhmanet တစ်ယောက် The Mummy အဖြစ် အသစ်ပြန်လည် တစ်ဖန်မွေးဖွားလာတဲ့အခါ………….


03 May 2017     1,453 Views




RELATED

Most Popular of Movies

Most Popular of Entertainment