ပြုံးပြနေတယ်ထင်လို့ အနားတိုးလို့ ကပ်သွားကြည့်ကာမှ
03 May 2017 1,722 Views

တစ်ခါတစ်ရံကျရင် မျက်စိနဲ့ မြင်လိုက်ရတဲ့ မြင်ကွင်းက အမြင်အာရုံလှည့်စားခံရသလို ဖြစ်ပြီး ထင်ထားသလို မဟုတ်ပဲ တစ်လွဲတစ်ချော် ဖြစ်နေတတ်ပါတယ်။ Kendrick Kang ဆိုသူ Facebook အသုံးပြုသူတစ်ယောက်က အလုပ်ကို ရထားစီးပြီးသွားတဲ့အချိန် သူ့မျက်စိကို လှည့်စားခံရသလို ဖြစ်ခဲ့တဲ့ မြင်ကွင်းကို ဓါတ်ပုံရိုက်ပြီး လူမှုကွန်ယက်ပေါ်မှာ သူ့ရဲ့အဖြစ်သနစ်ကို ရေးသားမျှဝေခဲ့ပါတယ်။
Kang ဟာ မလေးရှားနိုင်ငံရှိ အာမခံကုမ္ပဏီတစ်ခုရဲ့ အရောင်းဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။ တစ်နေ့သူဟာ ရထားနဲ့ ရုံးတက်စဉ် မလှမ်းမကမ်းထိုင်ခုံမှာ မှီနွဲ့ထိုင်နေတဲ့ မိန်းကလေးတစ်ဦးကို သတိထားမိခဲ့ပါတယ်။ မိန်းကလေးက သူ့ကို အပြုံးမျက်လုံးလေးနဲ့ အကြာကြီးကြည့်နေခဲ့တဲ့အတွက် ဟန်ကျတာပဲ၊ အာမခံသွားရောင်းဦးမှ ဆိုတဲ့ စိတ်ကူးနဲ့ သူနေရာကနေ မိန်းကလေးအနီးရောက်အောင် တိုးသွားတဲ့အခါမှာတော့ သူ့ရဲ့အမြင်နဲ့ သူ့ရဲ့အထင်ဟာ တက်တက်စင် ရယ်စရာကောင်းလောက်အောင် လွဲမှားခဲ့ကြောင်း သိခဲ့ရပါတယ်။

တစ်ကယ်တော့ သူ့ကိုတစ်ချိန်လုံး ပြုံပြီးကြည့်နေတဲ့ မျက်လုံးဝိုင်းလေးဟာ သူထင်သလို မျက်လုံးမဟုတ်ပဲ မိန်းကလေးရဲ့ ပါးစပ်ပေါက် ဖြစ်နေခဲ့ပါတယ်။ အဖြစ်မှန်ကတော့ မိန်းကလေးဟာ ရထားလက်ရန်းမှာ ပါးစပ်ကလေး ဟနေတဲ့အထိ ပျော့ခွေအိပ်မောကျနေခဲ့တာဖြစ်ပါတယ်။
မျက်ဆံလုံးလည်စရာကောင်းလောက်အောင် ဖြစ်ရတဲ့ ဓါတ်ပုံကို စာဖတ်သူများကိုယ်တိုင် ကြည့်ရှုဝေဖန်ကြပါဦး။








