BEC-TERO TV

၁၅နှစ်အတွင်း မွေးခဲ့သမျှကတော့ သားကြီးပဲ ၉ယောက်ရှိတဲ့ မိခင်

03 May 2017     1,357 Views


စကော့တလန်အမျိုးသမီး Alexis Brett ဆိုသူမှာ သားယောင်္ကျာကြီးပဲ ၉ယောက်တိတိမွေးထားပါတယ်။ထူးခြားချက်ကတော့ သူမမွေးသမျှကလေးတိုင်း သားယောင်္ကျားတွေကြီးပါပဲ…နိုင်ငံအချို့၊လူမျိုးအချို့ ယူဆချက်အရ ဆိုရင် သားမွေးရင် ဂုဏ်ရှိတယ်၊စီးပွားတက်တယ်ဆိုပေမယ့်အခုတော့ Alexis Brett တစ်ယောက်ကိုအိမ်နီးချင်းတွေက မိန်းကလေးလိုချင်ဘူးလားလို့မေးနေကြပါတယ်၊အင်္ဂလန်မှာတော့ Alexis Brett က အာဂအမျိုးသမီးဖြစ်သလို သား(၉)ယောက်မိခင်ပါ။လက်ရှိမှတော့ Alexis Brett က (၃၇)နှစ်ရှိပါပြီ။နောက်ထပ်ကလေးယူဖို့ဆိုတာကလည်း ကျန်းမာရေးအပိုင်းအရရော၊သင့်တော်ရှိသင့်တဲ့ မိသားစုအရေအတွက်အရ ရပ်တန့်ချိန် တန်ပြီလို့ Alexis Brett ကဆိုပါတယ်။သူမယောင်္ကျားက မီးရထားစက်ခေါင်းမောင်းသူ David ဖြစ်ပြီး သူတို့လင်မယားက နှစ်နှစ် တစ်ခါ ကလေးယူရာမှာ အခုလို သားယောင်္ကျားကြီးပဲ (၉)ယောက်မွေးခဲ့တာပါ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကတော့ Alexis Brett နဲ့ David တို့လင်မယားက ကုန်စုံဆိုင်သွားပြီးအစားအသောက်ကောင်းတွေပေါများစွာ ၀ယ်ယူခဲ့ကြပါသေးတယ်။တစ်ပတ်အတွင်းဆိုရင်လည်း Alexis Brett က အကြိမ်ပေါင်း ၈၀နီးပါးလောက် ရေချိုးသလို နေ့လည်စာပေါင်း ၅၈ကြိမ်လောက်စားသုံးပါတယ်။ ၁၅နှစ်အတွင်းမွေးခဲ့သမျှကလေးတိုင်းက သားယောင်္ကျာတွေခြည်းဖြစ်နေတဲ့အခါမှာတော့နောက်ထပ်မွေးလာမယ့်ကလေးက သားယောင်္ကျာလေးဆိုရင် မထူးတော့ပေမယ့် မိန်းကလေး သာမွေးလာခဲ့ရင်တော့ထူးဆန်မိမှာပါလို့ Alexis Brettကဆိုပါတယ်။

 


03 May 2017     1,357 Views




RELATED

Most Popular of International News

Most Popular of NEWS