BEC-TERO TV

ပေ ၅၀ အမြင့်တံတားပေါ်က Bungee Jumping လုပ်သူအမျိုးသမီးရဲ့ ကြမ္မာဆိုး(ရုပ်/သံ)

03 May 2017     1,331 Views


စွန်းစားလိုတဲ့ စိတ်ဟာ ကောင်းမွန်တဲ့အလေ့အထတစ်ခု ဖြစ်ပေမယ့် စွန်းစားမှုနဲ့အတူ အန္တရာယ်ရှိမှုဆိုတာကလည်း အမြဲတွဲကပ်ပါနေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ စွန်းစွန့်စားစား အားကစားတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ Bungee Jumping ကစားနည်ဟာ ထွေထွေထူးထူး ဘာမှလုပ်တတ်စရာမလိုပေမယ့် အသက်နဲ့ရင်းပြီး ကစားရတဲ့ အားကစားတစ်မျိုးဖြစ်ပါတယ်။ 
 
 
Bungee Jumping လုပ်ဖို့ စိတ်အားထက်သန်နေတဲ့ အမျိုးသမီးတစ်ဦးက ယင်းကစားနည်းအတွက် စီစဉ်ဆောင်ရွက်ပေးနေတဲ့ နာမည်ရပြီးသား Andean Trek ဆိုတဲ့အဖွဲ့နှင့် ချိပ်ဆက်ကာ ဖလော်ရီဒါပြည်နယ်ရှိ La Negara Bridge တံတားပေါ်၊ ပေ ၅၀ အမြင့်ကနေ ခုန်ချဖို့ စီစဉ်ခဲ့ပါတယ်။
တံတားပေါ်က မခုန်ချမီမှာ Andean Trek အဖွဲ့က အနေအထားတွေအားလုံးကို သွန်သင်ပြသခဲ့သလို ဘေးန္တရာယ်လုံခြုံရေး ပစ္စည်ကရိယာတွေကိုလည်း သေချာစစ်ဆေးခဲ့ပါတယ်။ တစ်ကယ်ခုန်ချလိုက်တဲ့ အချိန်မှာတော့….
 
 
အမျိုးသမီးဟာ ခြေလွတ်လက်လွတ်နဲ့ အောက်က ချောင်းထဲကို မှောက်လျက်အနေအထား ပြုတ်ကျခဲ့ပြီး အရေးပေါ်လူနာတင်ကားနဲ့ Santa Cruz de la Sierra မြို့က ဆေးရုံကို အမြန်တင်ပို့ခဲ့ရပါတယ်။ ဆရာဝန်က စစ်ဆေးပြီးတဲ့နောက် ကံကောင်းထောက်မစွာဖြင့် ဒဏ်ရာအသေးငယ်သာ ရရှိပြီး စိုးရိမ်စရာမရှိတဲ့အတွက် ရက်အနည်းငယ်သာ ဆေးရုံတက်ခဲ့ရပါတယ်။ သူမ၏ ကုသမှုစရိတ်အားလုံးကို Andean Trek အဖွဲ့က ကျခံပေးခဲ့ပါတယ်။
 
ဖြစ်စဉ်ကို ပြန်လည်စစ်ဆေးပြီးတဲ့အခါမှာတော့ အမျိုးသမီး ဝတ်ဆင်ထားတဲ့ Bungee Jumping Gear မှာ ကြိုးပြတ်နေခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ Andean Trek ရဲ့ ဒါရိုက်တာဖြစ်သူ Oscar Sandoval က ဒါဟ လူလူပ်တဲ့ အမှားဖြစ်ပြီး တစ်ယောက်ယောက်ရဲ့ ချို့ယွင်းချက်ကြောင့်ဖြစ်ပြီး ဘယ်လို ပြတ်ကျခဲ့တယ်ဆိုတာကို စုံးစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် သူတို့ ဒီလုပ်ငန်းလုပ်လာတာ ကြာခဲ့ပြီဖြစ်ပြီး ဒါဟာ မထမဦးဆုံအကြိမ် မတော်တဆမှုဖြစ်ကြောင်း ပြောဆိုခဲ့သည်။
 

03 May 2017     1,331 Views




RELATED

Most Popular of Special or Others

Most Popular of NEWS