BEC-TERO TV

လျှာကျက်တာ မြန်မြန်သက်သာစေမယ့် နည်းလမ်း

03 May 2017     2,051 Views


ပူပူလောင်လောင်အစာကို အမှတ်တမဲ့ စားမိတဲ့အခါ လျှာကျက်ဖူးတယ်မလား? လျှာကျက်ပြီဆိုရင် အစားအသောက်စားရတာရော နေရထိုင်ရတာရော သက်သောင့်သက်သာ မရှိလှပါဘူး။ တကယ်လို့ မတော်တဆ ပူနေတဲ့အစားအစာကို စားမိလိုက်လို့ လျှာကျက်သွားရင် ဒီနည်းလမ်းလေးတွေအတိုင်း လုပ်ကြည့်လိုက်ပါ။ နာကျင်မှုဝေဒနာ မြန်မြန်သက်သာသွားမှာပါ။
 
လျှာကို အအေးခံပါ
 
ဒါက လျှာကျက်ရင် လူတိုင်းလုပ်နေကြပါ။ ပါးစပ်ဟပြီး လေကို ပါးစပ်နဲ့ ရှူလိုက်ထုတ်လိုက် လုပ်ပါ။ ရေခဲတုံး ၊ ရေခဲမုန့်လို အေးတဲ့အစားအစာကို လျှာကျက်တဲ့နေရာပေါ်တင်ပြီး ငုံထားပေးပါ။ အပူလောင်လို့ ဖြစ်လာမယ့် ရောင်ရမ်းခြင်းကိုလဲ သက်သာစေပါတယ်။

ဆားရေနွေးလေးနဲ့ ပလုတ်ကျင်းပါ
 
ရေနွေးနွေးလေးထဲကို ဆားအနည်းငယ်ထဲ့ပြီး ပလုတ်ကျင်းပေးပါ။ ဆားရေနွေးက ခံတွင်းကျန်းမာရေးအတွက်လဲ ကောင်းတယ်။ ရောဂါပိုးအချို့ကိုလဲ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဆားရေနွေးလေးကို လျှာကျက်တာ ပျောက်တဲ့အထိ ပလုပ်ကျင်းပေးပါ။

သကြား သို့မဟုတ် ဒိန်ချဉ် တင်ပေးထားပါ
 
သကြားဟာ လျှာရဲ့အရသာခံ အာရုံကို ကောင်းမွန်စေတာကြောင့် အပူလောင်ထားတဲ့ လျှာနေရာကို သကြားနည်းနည်းတင်ပေးထားပါ။ ဆီးချိုသမားတွေကတော့ သကြားအစား ဒိန်ချဉ်ကို အသုံးပြုနိုင်ပါတယ်။ သကြားရော ဒိန်ချဉ်ရော စားစရာတွေဆိုတော့ ပြီးရင် မြိုချလိုက်လို့ရတယ်နော်။ ဒိန်ချဉ်သောက်နေရင်းနဲ့တောင် လျှာကျက်တာကို သက်သာအောင်လုပ်လို့ရပါတယ်။
 
လျှာကျက်တယ်ဆိုရင်တော့ အထူးသဖြင့် ကော်ဖီ ၊ လက်ဖက်ရည် ပူပူ ၊ အရမ်းချဉ်လွန်း၊ စပ်လွန်းတဲ့ အစားအစာတွေ နဲ့ မာတဲ့အစားအစာတွေကို ရှောင်ကြဉ်တာက အနာကို ပိုမိုသက်သာစေပါတယ်။ အချိန်ကြာတဲ့အထိ မသက်သာရင် ဆရာဝန်နဲ့ တိုင်ပင်ပြသဖို့ မမေ့ပါနဲ့နော်…

03 May 2017     2,051 Views




RELATED

Most Popular of Health Fix

Most Popular of Life Style